Main menu

အသိပညာပေးဟောပြောခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်၊ ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းပြီး  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အတွက် ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ၂၅-၇-၂၀၂၆ရက်နေ့ (၀၉:၃၀)နာရီ အချိန်တွင် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ရှိ ကိတ်နှင့်မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်း ရှင်(၁)ဦးနှင့် တွေ့ဆုံ၍  အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က စားသုံးသူ ကာကွယ်ရေးဥပဒေပါ အခန်း(၁) ပုဒ်မ၂ အရ စီးပွားရေးလုပ်ငန်းရှင်နှင့် ဝန်ဆောင်မှု၏ အဓိပ္ပါယ်ဖွင့်ဆို ချက်အကြောင်း၊ အခန်း(၁၀) ပုဒ်မ၂၁ အရ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးချက်ပေးရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါ အစားအသောက်များကုန်စည်အုပ်စုတွင်ပါဝင်သည့် အသင့်စားမုန့် အမျိုးမျိုးတွင်  မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် မိမိထုတ်ကုန်များအပေါ် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေ‌ရေး အတွက် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပြည့်စုံမှုရှိပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြ ချက်များကိုက်ညီသည့် ထုတ်ကုန်များကိုသာ ဈေးကွက်သို့တင်ပို့ရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဋ္ဌာန်းချက်ပါ  ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့အား  အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ကချင်)