Main menu

သတင်းဆောင်းပါးရေးသားနည်းနှင့် အခြေခံစာကြည့်တိုက်ပညာ သင်တန်းဖွင့်ပွဲကျင်းပခြင်း

Powered by Drupal

     ၂၇-၇-၂၀၂၆ ရက်နေ့ ၀၈း၃၀အချိန်တွင် မြစ်ကြီးနားမြို့၊ Community Centre၌ ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပ ပြုလုပ်သည့် သတင်းဆောင်းပါးရေးသားနည်းနှင့် အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ကချင် ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်က တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

          ကချင်ပြည်နယ် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက သတင်းဆောင်းပါးနယ်ပယ်နှင့် စာကြည့်တိုက်ပညာနယ်ပယ်တို့တွင် အရည်အချင်းရှိသော လူငယ်များကို မွေးထုတ်ပေးနိုင်ရန်နှင့် ဗဟုသုတများဖြန့်ဝေပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သတင်းဆောင်းပါးရေးသားခြင်း ဆိုင်ရာ အခြေခံနည်းလမ်းများ၊ သတင်းအချက်အလက်များကို မှန်ကန်စွာ စုဆောင်း၊ စိစစ်၊ တင်ပြ တတ်သည့်နည်းလမ်းများ၊ စာကြည့်တိုက်ပညာဆိုင်ရာ အခြေခံသဘောတရားများ၊ စာအုပ်စာတမ်း များ စနစ်တကျ စီမံခန့်ခွဲတတ်သည့် နည်းလမ်းများကို ‌လေ့လာသင်ယူကြရမည်ဖြစ်ကြောင်းနှင့် နောင်အနာဂတ်တွင် မိမိတို့၏လုပ်ငန်းခွင်နှင့် လူ့အဖွဲ့အစည်းအတွက် အထောက်အကူပြုနိုင်မည့် သတင်းဆောင်းပါးနှင့် စာကြည့်တိုက်ပညာရပ်ဆိုင်ရာများ စနစ်တကျဆောင်ရွက်နိုင်စေရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။

       အဆိုပါသင်တန်းအား ၂၇-၇-၂၀၂၆မှ ၂၈-၇-၂၀၂၆ ရက်နေ့အထိ (၂)ရက်တာကာလ ဖွင့်လှစ် သင်ကြားမည်ဖြစ်ပြီး ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ သင်တန်းသား/သူအနေဖြင့် (၃၄)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)