Main menu

(မိတ္ထီလာ/ရမည်းသင်း) ခရိုင်၊ ဇွန်လအတွင်း ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

              (မိတ္ထီလာ/ရမည်းသင်း)ခရိုင်အနေဖြင့် ၂၀၂၆ခုနှစ်၊ ဇွန်လအတွင်း ထုတ်ကုန်လုံခြုံရမှုဌာနခွဲ တာဝန်ခံ၊ မိတ္ထီလာမြို့ နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ အလှကုန် ပစ္စည်းအမျိုးမျိုး၊ အီလက်ထရောနစ်ပစ္စည်းအမျိုးမျိုးအား ဦးစားပေးကုန်စည်အဖြစ် ကုန်အညွှန်းအမှတ် များပြည့်စုံစွာထည့်သွင်းဖော် ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြို့နယ်အလိုက် ဈေး(၂)ကြိမ်၊ စက်ရုံ/အလုပ်ရုံ(၂) ကြိမ်၊  ရပ်ကွက်စတိုးဆိုင်များတွင်(၈)ကြိမ်၊ ဆေးဆိုင်(၃)ကြိမ်နှင့် ကျောင်းမုန့်ဈေးတန်းတွင် အသင့်စား မုန့်အမျိုးမျိုးအား စောင့်ကြည့်စစ်ဆေးခြင်း(၂)ကြိမ်၊ စုစုပေါင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၄)ကြိမ်၊ ဈေးကွက်မရောက်မီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များထံသို့ ကွင်းဆင်းဆောင်ရွက်ခြင်း (၄) ကြိမ်၊ အထူးဈေးကွက်အနေဖြင့် ဆေးဝါး၊ စက်သုံးဆီ၊ စားသုံးဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်း နှင့်အချင်အတွယ်မှန်ကန်မှုရှိစေရန် မိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကွင်းဆင်းခဲ့ကြပြီး ဌာန၏ ဥပဒေ၊ အမိန့်ညွှန်းကြားချက်ပါအကြောင်းအရာများကို အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ ကြောင်းသိရှိရပါသည်။

                   ထို့အပြင် မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ ကုန်အညွှန်းအမှတ်အသားစိစစ်ခွင့်ပြုချက်ရရှိ သည့်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားစိစစ်ခွင့်ပြုချက်များပေးအပ်ခြင်းနှင့် MSME ဒေသထွက် ကုန်များထုတ်လုပ်သည့် လုပ်ငန်းရှင်များထံသို့ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြ ထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း၊ အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ မိတ္ထီလာမြို့ပေါ်ရှိ အွန်လိုင်းမှတ်ပုံတင်ထား သည့်လုပ်ငန်းရှင်များထံသို့သွားရောက်၍ အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ အကြောင်းအရာများနှင့်မိမိတို့ ထုတ်လုပ်သည့်ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြစေရန်တို့ကိုအသိပညာပေးခြင်း၊ အစားအသောက်ရောင်းချသည့်ဝန်ဆောင်မှုကဏ္ဍအား FDA၊ ကျန်းမာရေး၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ စားသောက်ဆိုင်များသို့သွားရောက်၍ အစားအသောက်ရောင်း ချသည့်လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်းတို့ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)