Main menu

ကန့်ဘလူမြို့နယ် ပဲမျိုးစုံဈေးကွက်တွင် ပဲတီစိမ်း ဈေးနှုူန်းမြင့်တက်လာ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်း ကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြောင်း၊ ကြေးတိုင်နှင့် မြေစာ ရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

      ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် ၇၇၀၀၀ ကျပ်၊ ပဲတီစိမ်းထွက်တိုးတစ်တင်းလျှင် ၈၂၀၀၀ ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ  ယခင်အပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုတတိယပတ်အတွင်း ဈေးကွက်အတွင်း သီးနှံဝင် ရောက်မှုနည်းသော်လည်း မန္တလေးဈေးကွက်တွင် အဝယ်လိုက်လာသောကြောင့် ကန့်ဘလူပဲမျိုးစုံ ဈေးကွက်တွင် ပဲတီစိမ်းတစ်တင်းလျှင် ၈၀၀၀ ကျပ် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း၊ ကန့်ဘလူ ဒေသထွက် ပဲတီစိမ်းများကို မန္တလေးမြို့ရှိ ပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သီးနှံပွဲရုံများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)