Main menu

စားအုန်းဆီဖြန်ဖြူးရောင်းချနေမှု စနစ်တကျရှိစေရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးဉာဏ်လင်း၊ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၁၉-၇-၂၀၂၆ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် ဘားအံမြို့ပေါ်နှင့် ဘားအံမြို့နယ် မြိုင်ကလေးကျေးရွာရှိ အများပြည်သူများသို့  သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီ ရောင်းချပေးနေသော လက်လီဆီကိုယ်စားလှယ်  အရောင်းဆိုင်များအား  မိတ်ဖက်ဌာနများဖြစ်သော ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊  ကုမ္ပဏီကိုယ်စားလှယ်များ ဖြင့်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက် ခဲ့ပါသည်။

            ထိုသို့ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်မှ စားသုံးသူပြည်သူများသို့ သက်သာသော သတ်မှတ် ရည်ညွှန်းဈေးဖြင့် ဝယ်ယူစားသုံးနိုင်ရန်ထုတ်ပေးသည့် စားအုန်းဆီများကို စားအုန်းဆီလက်လီ အရောင်း ဆိုင်များမှရောင်းချရာတွင် ဈေးနှုန်းများမှန်ကန်မှုရှိ/မရှိ၊ အလေးအချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ သတ် မှတ်ရည်ညွှန်ဈေး အတိုင်းရောင်းချမှုရှိ/မရှိ၊ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချရာတွင် အများပြည်သူမြင် သာစေရန် ရောင်းချသည့် နေ့ရက်နှင့်ဈေးနှုန်းများကို ဗီနိုင်းတွင်ရေးသား၍ ချိတ်ဆွဲရောင်းချစေရေး၊ ခွဲတမ်းရရှိထားသော ပမာဏများအလိုက် ပြည့်ဝစွာရောင်းချမှုရှိ/မရှိ၊ စားသုံးသူပြည်သူများထံသို့  အပြည့်အဝရောက်ရှိမှုရှိ/မရှိ၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုရှိ/မရှိ၊ စားသုံးသူ လက်ဝယ်သို့ အမှန်တကယ် တိုက်ရိုက်ရောက်ချမှုရှိ/မရှိ၊ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက် များနှင့်အညီ  လိုက်နာရောင်း ချမှုရှိ/မရှိ တို့ကိုကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)