
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးဉာဏ်လင်းဦးဆောင်၍ ဇူလိုင်လ ၂၁ရက်နေ့ နေ့လယ် ၁၃:၀၀နာရီ အချိန်တွင် ကရင်ပြည်နယ်၊ဘားအံမြို့မဲဘောင်ဈေးရှိ စားအုန်းဆီဆိုင်များသို့သွားရောက်၍ ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရေးလုပ်ငန်းတွင် စားသုံးသူရေးရာဦးစီးဌာနမှ အမှုထမ်း(၄)ဦး၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်ပါဝင်ခဲ့ကြပြီး ဈေးကွက်အတွင်း စားအုန်းဆီများ ရောင်းချရာတွင် သတ်မှတ်ဈေးမှန်ကန်မှုရှိစေရေး၊ပြည်သူများသင့်တင့်မျှတသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးနှင့် စံချိန်စံညွှန်းကိုက်ညီမှုရှိစေရန်အတွက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကရင်)
