
မန္တလေးတိုင်းဒေသကြီး အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီမှ ကြီးမှူး၍ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာ အောင်မြေမြို့နယ်အတွင်း ရက်(၁၀၀)စီမံချက်ဖြင့် MSME One Stop Service ရုံးဖွင့်ပွဲ အခမ်း အနားအား ၂၀.၇.၂၀၂၇ ရက်နေ့နံနက်(၀၉:၃၀)နာရီအချိန်၌ ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဦးသိန်းဌေး၊ လျှပ်စစ်၊ စွမ်းအင် စက်မှုနှင့် လမ်းပန်း ဆက် သွယ်ရေးဝန်ကြီးဦးကျော်မိုးသက်၊ MRCCI အသင်းဝင်များ၊ MSME လုပ်ငန်းရှင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊သက်ဆိုင်ရာဌာနများနှင့်အတူ စားသုံးသူရေး ရာ ဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေ၊ ညွှန်ကြားရေးမှူးနှင့်အတူ တက်ရောက် အင်အား(၈၀)ဦး ဖြစ် ကြောင်း သိရှိရပါသည်။အခမ်း အနားပထမပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအသေးစား၊ အငယ်စား နှင့်အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဌမန္တလေးတိုင်းဒေသကြီး၊ လျှပ်စစ်၊ စွမ်းအင်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးကျော်မိုးသက်က MSME One Stop Service ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။ ဆက်လက်၍ အခမ်း အနား ဒုတိယပိုင်းအား ကျင်းပရာ အေဂျင်စီဥက္ကဌ မန္တလေးတိုင်းဒေသကြီးလျှပ်စစ်၊စွမ်းအင်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးကျော်မိုးသက်မှ အဖွင့်အမှာစကားပြောကြားပြီးနောက်ဒေသတွင်း စီးပွားရေးလုပ်ငန်း များ၏လိုအပ်ချက်များကို တစ်နေရာတည်းတွင် လွယ်ကူမြန်ဆန်စွာ ဝန်ဆောင်မှု ပေးနိုင်ရန်ရည်ရွယ်၍MSME One Stop Service (OSS)ရုံးအား ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊လုပ်ငန်း ရှင်များ အတွက်လိုအပ်သောလုပ်ငန်းလိုင်စင်မှတ်ပုံတင်ခြင်း၊လိုအပ်သောငွေကြေးအထောက် အပံ့ များ ရယူနိုင်ခြင်း၊ထုတ်လုပ်မှုနည်းပညာများ အကြံဉာဏ်ပေးနိုင်ခြင်း၊ စျေးကွက်ချိတ်ဆက်မှုများ ရရှိ နိုင်ခြင်း၊ ဥပဒေအကြံဉာဏ်နှင့်ပတ်သက်၍ ဝန်ဆောင်မှုများပေးနိုင်ခြင်း၊ လုပ်ငန်းအခက်အခဲများ လျော့ချ၍ သတင်းအချက်အလက်များ၊ ဝန်ဆောင်မှုနှင့် အကြံဉာဏ်များတစ်နေရာတည်း ရရှိ နိုင်ခြင်း၊လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာဌာနများ ချိတ်ဆက်မှုကိုမြှင့်တင်ပေးမည့် ပလက်ဖောင်း တစ်ခုလည်းဖြစ်ပါကြောင်းနှင့် OSS ရုံး၏ ဝန်ဆောင်မှုများကို အသုံးချသွားကြရန် လိုအပ်ကြောင်း၊ ဝန်ဆောင်မှုအနေဖြင့် နေ့စဉ်ရုံးဖွင့်ရက်နှင့်ရုံးချိန်အတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအတွင်းရေးမှူးတိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ညွှန်ကြားရေးမှူးက MSME One Stop Service ရုံးမှ ဆောင်ရွက်ပေးမည့် လုပ်ငန်းစဉ် များအား ဆွေးနွေးပြောကြားခဲ့ပြီးနောက် မန္တလေးတိုင်းဒေသကြီး၊စီမံကိန်း၊စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဦးသိန်းဌေးမှ လုပ်ငန်းရှင်(၃)ဦးသို့ ယာယီလုပ်ငန်းလိုင်စင်များပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
