
ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လတစ်လတာ ကာလအတွင်း အုန်းသီးအလုံးရေ ၆၅၀၀၀၀ ခန့် တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဓနုဖြူမြို့နယ်၌ အုန်းသီးရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ၏ ပြောပြချက်အရ သိရသည်။
ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလ အတွင်းက အုန်းသီးအလုံးရေ ၃၅၀၀၀၀ ခန့်သာ တင်ပို့ ရောင်းချနိုင်ခဲ့ပြီး ဇူလိုင်လ ၁ ရက်မှ ၁၀ ရက် အတွင်း အုန်းသီးအလုံးရေ ၈၅၀၀၀ ခန့် တင်ပို့ ရောင်းချခဲ့ရကြောင်း သိရသည်။
''ဓနုဖြူမြို့နယ်ကနေ လယ်ယာထွက်ကုန်တွေရော ခြံထွက်သီးနှံတွေပါ ရန်ကုန်ဈေးကွက်ကို အဓိက တင်ပို့ရောင်းချကြောင်း ဓနုဖြူမြို့နယ်တွင် အုန်းစိုက်ပျိုးဧက ၁၀၁၀ ဧက ရှိပြီး ပြည်တွင်းမှာ အုန်းသီးဝယ်လိုအား ကောင်းနေတယ်လို့ သိရပါတယ်။ အုန်းဆီ ၁လုံးလျှင် လက်ကားဈေး ၂၅၀၀-၃၀၀၀ကျပ် လက်ရှိအုန်းသီးဈေးက စိုက်ပျိုးသူတွေ အဆင်ပြေတဲ့ ဈေးနှုန်းဖြစ်ပါတယ် ရောင်းချသူထံမှ သိရသည်။
ဓနုဖြူမြို့နယ်မှ အုန်းသီးအခြောက်၊ အုန်းသီး အစိမ်း၊ အုန်းသီးအနု၊ အုန်းသီးအခွံခွာ၊ အုန်းသီးအခွံပါ စသည်တို့ကို ကုန်တင်ယာဉ်၊ ကုန်တင်ရေယာဉ်များဖြင့် တင်ပို့ရောင်းချနေ ကြောင်း၊ အဆိုပါဒေသထွက် အုန်းသီးများ ဈေးကောင်းရရှိလာခြင်း၊ ဝယ်လိုအားကောင်းလာခြင်းတို့ကြောင့် အုန်းခြံလုပ်ငန်း လုပ်ကိုင်သူများ၊ ကုန်ထမ်းလုပ်သားများ၊ ပွဲရုံလုပ်ငန်းရှင်များနှင့် ကုန်တင်ယာဉ် အငှားလိုက်သူများ အဆင်ပြေနေကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
