
ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ကျောက်ဆည်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဇူလိုင်လ(၃)ရက်နေ့တွင် ကျောက်ဆည်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲ တွင် ကျောက်ဆည်မြို့၊ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ထွေးက အသိပညာပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်မြို့နယ် တာဝန်ခံ ဦးစိုးမင်းထွန်းက အွန်လိုင်းရောင်းဝယ်မှုအသိပညာပေးဆွေးနွေးရာတွင် စားသုံးသူပြည်သူများအနေဖြင့် မိမိဝယ်ယူ သုံးစွဲမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုသည့် တိကျမှန်ကန်သောသတင်းအချက်များဖော်ပြ ထားခြင်းရှိ/မရှိစစ်ဆေးရန်၊ Page သို့မဟုတ် Website တွင်ဖော်ပြထားသည့် ဖုန်းနံပါတ်များနှင့် နေရပ်လိပ်စာများမှန်ကန်မှုရှိ/မရှိ ၊သတ်မှတ်ထားသောငွေပေးချေမှုစနစ်ရှိ/မရှိ နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပါက တိုင်ကြားနိုင်သောနည်းလမ်းများနှင့် Call Center သို့ တိုင်ကြားလာသည့် အမှုများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရှမ်း)
