Main menu

တရုတ်နိုင်ငံက အမေရိကန်ပဲပိစပ်များကို ခုနစ်လအတွင်း အများဆုံးပမာဏအဖြစ်ဝယ်ယူ

Powered by Drupal

         တရုတ်နိုင်ငံသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလနောက်ပိုင်းကတည်းကဆိုလျှင် အမေရိကန်နိုင်ငံထုတ် ပဲပိစပ်များကို တစ်ရက်တည်းအတွင်း အများဆုံးပမာဏအဖြစ် ဝယ်ယူရန် မှာယူလိုက်ပြီ ဖြစ်သည်။ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံနှစ်ခုကြား စိုက်ပျိုးရေးကုန် သွယ်မှုများ အရှိန်အဟုန်ဖြင့် တိုးတက်နေစဉ်အတွင်း ယခုလှုပ်ရှားမှုသည် တရုတ်နိုင်ငံ၏ မကြာသေးမီက ဆက်တိုက်ဆိုသလို ဝယ်ယူမှုများထဲတွင် ထပ်မံတိုးပွားလာခြင်း ဖြစ်သည်။

         ဇူလိုင် ၈ ရက်နေ့တွင် အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာန (USDA) က အမေရိကန် ပို့ကုန်လုပ်ငန်းရှင်များသည် တရုတ်နိုင်ငံသို့ ပဲပိစပ် တန်ချိန် ၄၇၂,၀၀၀ ရောင်းချခဲ့ရကြောင်း ကြေညာခဲ့သည်။ ယင်းသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း တရုတ်နိုင်ငံသို့ အမေရိကန်ပဲပိစပ် တစ်ရက်တည်း ရောင်းချမှုပမာဏတွင် အများဆုံးအဖြစ် ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

       တရုတ်နိုင်ငံပိုင် Cofco က နောက်ထပ် သင်္ဘော အနည်းဆုံး ၅ စင်းစာ ပမာဏကို မှာယူပြီးနောက် ဤအမှာစာများကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။ Bloomberg ၏ သတင်းရင်းမြစ်များအရ အဆိုပါ ကုန်ပစ္စည်းအများစုကို စက်တင်ဘာလနှင့် အောက်တိုဘာလကြားတွင် သင်္ဘောတင်ပို့ရန် မျှော်လင့်ထားကြောင်း သိရသည်။ ယခုသီတင်းပတ်အစောပိုင်းကလည်း Cofco သည် အမေရိကန် ပဲပိစပ် အနည်းဆုံး သင်္ဘော ၆ စင်းစာ ပမာဏကို မှာယူခဲ့သေးသည်။

        ပုံမှန်အားဖြင့် ပဲပိစပ်တင်ဆောင်သည့် သင်္ဘောတစ်စင်းသည် ခန့်မှန်းခြေ တန်ချိန် ၆၀,၀၀၀ ခန့် သယ်ဆောင်နိုင်သည်။ ပြီးခဲ့သည့်လကုန်ပိုင်းအထိ USDA ၏ အစီရင်ခံစာအရ တရုတ်ဝယ်လက်များသည် ရာသီသစ် အမေရိကန်ပဲပိစပ် တန်ချိန် ၂၀၀,၀၀၀ ဝယ်ယူရန် ကတိကဝတ်ပြုထားကြောင်း သိရသည်။ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့သည့် ပဲပိစပ် တန်ချိန် ၄၇၂,၀၀၀ ထဲမှ တန်ချိန် ၁၃၆,၀၀၀ ကို လက်ရှိပို့ဆောင်ရေးကာလအတွင်းပေးပို့ရန် မျှော်လင့်ထားပြီး ကျန်ရှိသည့်ပမာဏကို စက်တင်ဘာလတွင် ရာသီသစ်စတင်ပြီးနောက်ပိုင်းမှသာ ပေးပို့သွားမည် ဖြစ်သည်။

      လက်ရှိတွင် တရုတ်နိုင်ငံသို့ တင်သွင်းနေသည့် အမေရိကန်ပဲပိစပ်များသည် ပြိုင်ဘက်နိုင်ငံများမှ ပဲပိစပ်များနှင့် နှိုင်းယှဉ်ပါက အခွန်နှုန်းထား ၁၀ ရာခိုင်နှုန်းကျော် ပိုမိုမြင့်မားနေဆဲဖြစ်သည်။ ယခုကဲ့သို့ အခွန်နှုန်းထား မြင့်မားနေခြင်းကြောင့် တရုတ်နိုင်ငံရှိ ပုဂ္ဂလိက ဆီကြိတ်စက်ပိုင်ရှင်များမှာ အမေရိကန်ပဲပိစပ်များကို ပြန်လည်ဝယ်ယူရန် တွန့်ဆုတ်နေကြသည်။

    ကုန်စည်ဒေတာ ပံ့ပိုးပေးသည့် Commodity3 ၏ အချက်အလက်များအရ အဆိုပါ ထပ်တိုးအခွန်များ မရှိလျှင်ပင် အမေရိကန်ပဲပိစပ်များသည် ဘရာဇီးပဲပိစပ်များထက် ဈေးနှုန်းပိုမိုမြင့်မားနေဆဲဖြစ်ကြောင်း သိရှိရပါသည်။

Source : Vn Economy                                                                         

DOCA (ရန်ကုန်)