
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ တောင်သူများသည် နှမ်း၊ ပဲမျိုးစုံ၊ ပြောင်း၊ ငရုတ်စသည့် သီးနှံများကို အများဆုံးစိုက်ပျိုးကြပြီး ခရမ်းချဉ်သီး သီးနှံများလည်း အနည်းငယ် စိုက်ပျိုးထားကြောင်း သိရသည်။ ယခုအချိန်တွင် ဒေသထွက်ခရမ်းချဉ်သီးများ ဈေးကွက်သို့ ဝင်ရောက်မှုနည်းပါးလာသည့်အတွက် မန္တလေးမြို့နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ပထမပတ်တွင် မုံရွာမြို့ရှိ ဈေးကွက်တွင် ရောင်းချနေသော ဈေးနှုန်းများမှာ ခရမ်းချဉ်သီး လက်ကားဈေး တစ်ပိဿာလျှင် ၃၅၀၀ ကျပ် ၊လက်လီ တစ်ပိဿာလျှင် ၄၀၀၀-၄၅၀၀ ကျပ်၊ စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပြီး ယခင်အပတ်နှင့် ယခုအပတ် နှိုင်းယှဉ်ပါက သယ်ယူစရိတ်များပြားခြင်းနှင့် ဝင်ရောက်မှုနည်းခြင်းတို့ကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
