
ပဲခူးတိုင်းဒေသကြီး (အနောက်) နတ်တလင်းခရိုင်အတွင်းရှိ ကျေးရွာများတွင်လယ်ယာစိုက်ပျိုးခြင်း လုပ်ငန်းများ လုပ်ကိုင်ကြပြီးသီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဟင်းသီးဟင်းရွက်သီးနှံ ခရမ်းကြွပ်သီးပင်ကို စိုက်ပျိုးလျှက်ရှိပါသည်။ ခရမ်းကြွပ်သီးသည် စိုက်ပျိုးရလွယ်ကူပြီးကုန်ကျစရိတ်သက်သာပြီး စီးပွားဖြစ် မိသားစုတစ်ပိုင်တစ်နိုင် အကျိုးအမြတ်ရရှိစေသော သီးနှံတစ်မျိုးဖြစ်ပါသည်။
ခရမ်းကြွပ်သီးပင်ကို ရာသီမရွေးစိုက်ပျိုးနိုင်သော်လည်း နိုဝင်ဘာလတွင် အများဆုံးစတင်စိုက်ပျိုးကြ ပါသည်။ စိုက်ပျိုးပြီး (၂)လခန့် အကြာတွင် အသီးများစတင်ခူးဆွတ်နိုင်ပါသည်။ ခရမ်းကြွပ်ပင်သည် အသီး ခူးရမှု နဲသွားချိန်တွင် ပင်ခြေမှ (၆-၈)လက်မခန့်ချန်၍ မလိုအပ်သော အကိုင်းအခက်များကိုဖြတ်တောက်ပစ်ကာ ရေနှင့် မြေဩဇာများပြန်ကြွေးပါက တစ်လအတွင်း အသီးအသစ်များ ဒုတိယအကြိမ်ပြန်လည် ခူးဆွတ် နိုင်ကြောင်းသိရပါသည်။ ယခုလိုမိုးဦးကာလ ဇွန်လပိုင်းလောက်တွင် ခရမ်းကြွပ်သီး တစ်ပိဿာလျှင်(၃၀၀၀- ၃၅၀၀)ထိ လက်ကားဒိုင်များသို့ ဖောက်သည်ပေးရကေဲာင်းသိရသည်၊ ထို့ကြောင့်ခရမ်းကြွပ်ပင်ကိုစိုက်ပျိုးရလွယ်ကူသောကြောင့် မိသားစု တစ်ပိုင်တစ်နိုင်အကျိုးအမြတ်ရရှိ၍ ဝင်ငွေတိုးသည့်အတွက် စိုက်ပျိုးသင့်သော သီးနှံဖြစ်ကြောင်းသိရပါသည်။
DOCA(ပဲခူး)
