
ပဲခူးတိုင်းဒေသကြီး (အနောက်) နတ်တလင်းခရိုင်အတွင်းရှိ ကျေးရွာများတွင်လယ်ယာစိုက်ပျိုးခြင်း လုပ်ငန်းများ လုပ်ကိုင်ကြပြီးသီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံအဖြစ် မြေပဲကိုလည်း စိုက်ပျိုး ကြပါသည် မြေပဲကို မိုးစိုက်နှင့် ဆောင်းစိုက်ဟူ၍ နှစ်မျိုး စိုက်ပျိုးလျက်ရှိရာ ယခုအခါတွင် မိုးမြေပဲများ စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။
မြေပဲစိုက်ပျိုးရာတွင် မေလနှင့် ဇွန်လများတွင် စိုက်ပျိုးကြပြီး ဩဂုတ်လတွင် သီးနှံများ ထွက်ပေါ် ကြောင်း မြေပဲအမျိုးအစားမှာ မကွေး(၁၁)မျိုးကို အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ စိုက်ပျိုးရာတွင် မြေပြင်ထွန်ယက်များ တစ်ဧကလျင် မြေပဲဆန်နှစ်တင်းခန့် ကုန်ကျပြီး မြေပြင်ခ၊ မျိုး၊ သွင်းအားစု လုပ်အားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း ရှစ်သိန်းခန့် ကုန်ကျကြောင်း၊ ယခုလိုစိုက်ပျိုးရာသီမှာ အခွံဖြင့် ၇ပိဿာ လျှင် (၅၀,၀၀၀)ကျပ်၊ မြေပဲဆံ တစ်ပိဿာလျှင် (၁၂,၀၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးကြကြောင်း စိုက်ပျိုး မြေအနေအထားနှင့် သီးနှံဖြစ်ထွန်းမှု အပေါ်မှုတည်၍ အထွက်နှုန်းများကွာခြားမှုရှိကြောင်း မြေပဲစိုက်ပျိုး တောင်သူများအနေဖြင့် ထိုက်သင့်သည့် အကျိုးအမြတ်ရရှိကြောင်းသိရသည်။
DOCA(ပဲခူး)
