Main menu

ကန့်ဘလူမြို့နယ်၏ ဆီထွက်သီးနှံဈေးနှုန်းဈေးကွက်

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ နေကြာ၊ မြေပဲဆန်နှင့် ကြက်ဆူ စသည်သီးနှံများ၏ ဇွန်လ တတိယပတ်ဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။

နှမ်း

           ၂၀၂၆ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ကန့်ဘလူမြို့နယ်၌ နှမ်းနက်(စမုန်) တစ်တင်းလျှင် ကျပ် ၁၈၀၀၀၀၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် ကျပ် ၁၀၇၀၀၀ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိရာ ယခင်အပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက တစ်တင်းလျှင် ကျပ် ၅၀၀၀ ဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း သိရသည်။

ဆီနေကြာ

         ဇွန်လ တတိယပတ်အတွင်း ဆီနေကြာတစ်တင်းလျှင် ကျပ် ၅၇၀၀၀၊ နေကြာညံ့လျှင် ကျပ် ၅၆၅၀၀နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဆီနေကြာတစ်တင်းလျှင် ကျပ် ၁၀၀၀ ဈေးနှုန်းကျဆင်းသွားကြောင်း သိရသည်။

ကြက်ဆူ

           ကြက်ဆူတစ်တင်းလျှင် ကျပ် ၄၈၀၀၀၊ ကြက်ဆူညံ့လျှင် ကျပ် ၄၇၅၀၀နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ကြက်ဆူတစ်တင်းလျှင် ကျပ် ၇၀၀၀ ဈေးနှုန်းကျဆင်းသွားကြောင်း သိရသည်။

မြေပဲဆန်

          ကန့်ဘလူမြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇွန်လအတွင်း အရောင်းအဝယ်ဖြစ်နေသည့် မြေပဲလုံးဆန်များကို ဒေသတွင်းရှိ စိုက်ပျိုးသူများထံမှလည်းကောင်း၊ မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှလည်းကောင်း ဝင်ရောက်လျက်ရှိရာ ဇွန်လ တတိယပတ်အတွင်း မြေပဲလုံးဆန်တစ်ပိဿာ လျှင် ကျပ် ၇၀၅၀ နှင့် ၂၅ပိဿာတစ်အိတ်လျှင် ကျပ် ၁၇၆၂၅၀ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုတတိယပတ်အတွင်း ဈေးနှုန်းအနည်းငယ် ကျဆင်းသွားကြောင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး သယ်ယူပို့ဆောင်ရေး ပိုမိုကောင်းမွန်လာပါက ဒေသထွက် သီးနှံဈေးနှုန်း မြင့်တက်လာနိုင်ကြောင်း ဒေသတွင်း သီးနှံပွဲရုံများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)