
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်ပါ ဝန်ထမ်းများသည် ဖြန့်ဖြူးရောင်းချလျက်ရှိသော ပြည်တွင်း/ပြည်ပထုတ် Msme ထုတ်ကုန်များ တွင် စားသုံးသူ ကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှု ရှိ/မရှိကို ၁၈-၆-၂၀၂၆ ရက်နေ့ ၁၁:၀၀ နာရီအချိန်တွင် ဘားအံမြို့ပေါ်ရှိ လက်လီ၊ လက်ကား အရောင်းဆိုင်များတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကုန်စည်များ၌မြန်မာဘာသာဖြင့်ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်က ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ဖြင့် ထုတ်ပြန်ထားသည့် ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွန်းအမှတ်အသား ဖော်ပြရမည့် အသေးစိတ်အချက်အလက်များ ပါဝင်မှုရှိ/မရှိ၊ ထုတ်လုပ်ရက်စွဲ ကုန်ဆုံးရက်စွဲ ပါဝင်မှု ရှိ မရှိ အခြေများကို စစ်ဆေးခဲ့ကြပြီး စစ်ဆေးတွေ့ရှိချက်အခြေအနေများအပေါ် ပြုပြင်ရန် အချက်များကို တစ်လအတွင်း လုပ်ငန်းရှင်များမှ ပြုပြင်ဆောင်ရွက်သွားရန် အသိပညာပေးခဲ့ ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားအား မြန်မာဘာသာဖြင့် ဖော်ပြရန်အတွက် လုပ်ငန်းရှင်များအနေဖြင့် ဆောင်ရွက်ရန်အခက်အခဲရှိပါက စိစစ်လျှောက်ထားနိုင်ရေး စားသုံးသူရေးရာဦးစီးဌာနမှ ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
DOCA(ကရင်)
