Main menu

တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ စား‌သောက်ဆိုင်များသို့ သွားရောက်၍ အစားအသောက် ဝန်ဆောင်မှုကဏ္ဍနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

            ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့်  ဦးဇော်ဇော်လတ် (ဦးစီးမှူး) ဦးဆောင်သော ဝန်ထမ်းများသည် ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေး ဌာနတို့နှင့်ပူးပေါင်း၍  (၁၀.၆.၂၀၂၆)  ရက်နေ့ နံနက် (၁၀း၃၀) နာရီအချိန်တွင် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ မိုင်တုံကျော်ကြားစားသောက်ဆိုင်၊ ရွှေလက်ဝါးစားသောက်ဆိုင်နှင့် Suri ဆူရှီဆိုင်များသို့ သွား‌ရောက်၍ အစားအသောက်ဝန်ဆောင်မှုကဏ္ဍနှင့်ပတ်သက်၍ စားသုံးသူများကို လုံလောက်သော  သတင်းအချက်အလက်များ အသိပေးဖော်ပြခြင်းရှိ/မရှိ ၊ရောင်းချသော အစားအသောက်နှင့်ဝန်ဆောင်မှုပေးသော ဝန်ထမ်းများ  သန့်ရှင်းမှုရှိ/မရှိနှင့် စည်ပင်လိုင်စင်များ သက်တမ်းတိုးခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          ထိုသို့စစ်ဆေးရာတွင် ကျန်းမာရေးဦးစီးဌာနက အဆိုပါစားသောက်ဆိုင်များအား သန့်ရှင်း သပ်ရပ်စွာ လုပ်ကိုင်ကြရန်၊ ကူးစက်ရောဂါများဖြစ်ပွားနေသဖြင့် လတ်ဆတ်သော သား၊ငါး၊သီးနှံများ ကိုသာ အသုံးပြုချက်ပြုတ်ရန်လည်းကောင်း၊ စည်ပင်သာယာရေးဌာနက စည်ပင်လိုင်စင်များ ရှိ /မရှိနှင့် သက်တမ်းတိုးရန် လိုအပ်ပါကလည်း  လာရောက်သက်တမ်းတိုးကြရန်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ အစားအသောက်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများကို  မှန်ကန် ပြည့်စုံသော သတင်းအချက်အလက်များပေးရန်၊ သတ်မှတ်ဖော်ပြထားသော ဈေးနှုန်းများအတိုင်း ရောင်းချကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်တာဝန်များကို လိုက်နာကြရန် အသိပညာပေးခြင်းများ‌ ဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

DOCA(ရှမ်း)