
၂၀၂၆ ခုနှစ်၊ ဇွန်လ (၉)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်ပူးပေါင်းကာ ကျိုင်းတုံမြို့၊ ရပ်ကွက် (၅) အတွင်းရှိ ရွှေဆင် အမှတ်တံဆိပ် ပဲငံပြာရည်နှင့် Honey အမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့် ထုတ်လုပ်သည့် လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိရေးတို့နှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ရွှေဆင် အမှတ်တံဆိပ် ပဲငံပြာရည်နှင့် Honey အမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့် ထုတ်လုပ်သည့် လုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ ဆက်လက်၍ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူ များသည် ရွှေဆင် အမှတ်တံဆိပ် ပဲငံပြာရည်နှင့် Honey အမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့် ထုတ်လုပ်သည့် လုပ်ငန်းရှင်တို့အား စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများစနစ်တကျ သိုလှောင်ရန် နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာ ဆောင်ရွက်ရန် အသိပညာပေးခဲ့ကြပါသည်။
DOCA(ရှမ်း)
