
၂၀၂၆ ခုနှစ်၊ ဇွန်လ(၈)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးမြင့်နောင်(ဦးစီးမှူး) ဦးဆောင်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်းကာ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များတွင် Ensure အမှတ်တံဆိပ် လူကြီးဖြည့်စွက်စာအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် Ensure အမှတ်တံဆိပ် လူကြီးဖြည့်စွက်စာသည် စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း” နှင့်ပတ်သက်၍ ပြည့်စုံစွာ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များသည် လုပ်ငန်းရှင်များအား ကုန်ပစ္စည်းများတွင်ဖော်ပြရမည့် မြန်မာစာကုန်အညွှန်းအမှတ်အသား များပါရှိသော ကုန်စည်များကိုသာရောင်းချရန်၊ သက်တမ်းလွန်ကုန်စည်များကို ရောင်းချခြင်းမပြုရန် နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ” ကို လိုက်နာ ဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ကြပါသည်။
DOCA(ရှမ်း)
