Main menu

ပခုက္ကူမြို့နယ်ရှိကျေးရွာများတွင် ပဲတီစိမ်းသီးနှံ စိုက်ပျိုးပြီးစီးမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်ရှိ ကွမ်းသီးကန်၊ မြောက်လူးကန်၊ မီးသွေးကန်၊ ဘုန်းကံ၊ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားထား၍  စိုက်ပျိုးကြပါသည်။ ပခုက္ကူမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ပဲတီစိမ်းစိုက်ဧက (၁၆၅၈၉)ဧကရှိကြောင်း မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ သိရှိရပါသည်။ ပဲတီစိမ်းကို ကဆုန်၊ နယုန်တွင် စတင်စိုက်ပျိုးပြီး ဝါဆို၊ ဝါခေါင်တွင် ရိတ်သိမ်းရသဖြင့် သက်တမ်း()လခန့်ကြာမြင့်ပါသည်။  

      ပဲတီစိမ်းတစ်ဧက စိုက်ပျိုးရန် မျိုးစေ့()ပြည်အသုံးပြုရပြီး ပဲစင်းငုံနှင့်သီးညှပ်စိုက်ပျိုးပါသည်။  မျိုးစေ့ဖိုး၊ မြေပြုပြင်ခ နှင့် ထွန်ယက်ခ၊ အလုပ်သမားခ၊ သွင်းအားစု၊ ရိတ်သိမ်းခနှင့် ခြွေလှေ့ခ စုစုပေါင်း   တစ်ဧကကုန်ကျစရိတ် ကျပ်()သိန်းခန့်ကုန်ကျကြောင်း၊ ပဲတီစိမ်းနှင့် ပဲစင်းငုံကို  သီးညှပ် စိုက်ပျိုး ခြင်းသည် ကုန်ကျစရိတ်ကို အလွန်သက်သာစေပြီး တောင်သူများအတွက် များစွာတွက်ခြေကိုက် ကြောင်း၊ ယခင်နှစ်တွင် မိုးရွာသွန်းမှုနောက်ကျ၍  အထွက်နှုန်းလျော့ သော်လည်း တောင်သူသီးနှံ ပေါ်ချိန်တွင် ကျပ်(၁၅၀၀၀၀)ဝန်းကျင်ထိ ဈေးရရှိသောကြောင့် တောင်သူများ အကျိုးအမြတ်ရရှိပါ သည်။

     ဈေးနှုန်းမှာ၂၀၂၆ ခုနှစ်၊ ဇွန်လ (ဒုတိယပတ်)တွင် တစ်တင်းလျှင် ကျပ်(၈၅၀၀၀)ဈေးဖြင့် ပခုက္ကူ ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်နေပြီး ယခင် မေလ လကုန်ပိုင်းတွင် ကျပ်(၁၀၃၀၀၀)ထိ ဈေးပေါက်ခဲ့ ကြောင်း၊ ယခင်လနှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက  ကျပ်(၁၈၀၀၀)ဝန်းကျင်ထိ ဈေးနှုန်းကျဆင်းသွားကြောင်း၊ လက်ရှိအချိန်တွင် တရုတ်နိုင်ငံ၏ ဝယ်လိုအားလျော့နည်းခြင်း၊ ရာသီအလိုက် ပဲအသစ်ဝင်ရောက်မှုနှင့် လက်ကျန်များခြင်း၊ ပြည်တွင်းကုန်သည်များ အဝယ်အေးခြင်းတို့ကြောင့် ဈေးကျခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ဥရောပနိုင်ငံများနှင့် အိန္ဒိယဝယ်လိုအားပေါ်မူတည်၍ ဈေးနှုန်းပြန်လည် လှုတ်ခတ်နိုင် ကြောင်း ကုန်သည်များ၏ ဈေးကွက်သုံးသပ်ချက်အရ သိရှိရပါသည်။

DOCA(မကွေး)