Main menu

MSMEထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိစေရေးကွင်းဆင်းဆောင်ရွက်

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ကချင်ပြည်နယ်အတွင်း ထုတ်လုပ် ဖြန့်ဖြူးရောင်းချသည့်(MSME)ထုတ်ကုန်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ် အသားဆိုင်ရာသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ‌‌ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)ဦးဆောင်၍ ပြည်နယ်ဦးစီးမှူးရုံး ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံနှင့်ဝန်ထမ်းများသည် ၁၆-၆-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့ရှိ (MSME)လုပ်ငန်းများ ဖြစ်သည့် စားသောက်ကုန်လုပ်ငန်း၊ ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းများသို့သွားရောက်ပြီး ထုတ်ကုန်များ တွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှု ရှိ/မရှိ၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများ ဖော်ပြထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများဖော်ပြထားပြီး စားသောက်ကုန်လုပ်ငန်း များမှ ထုတ်လုပ်သည့်ကုန်စည်များတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ ဖော်ပြထားသော်လည်း ကုန်အညွှန်းအမှတ်အသားများဖော်ပြချက်များ ပြည့်စုံမှုမရှိကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များ အား စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်တာဝန်များ၊ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များအား ရှင်းလင်းပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများ ဖော်ပြချက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနတွင် အမြန်ဆုံးလာရောက် လျှောက်ထားရန် လိုအပ်ကြောင်းအသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)