Main menu

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကျင်းပ

Powered by Drupal

       ၂၀၂၆ ခုနှစ်၊ ဇွန်လ(၁၆)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းကျင်းပခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ အသစ်ခန့်အပ်ထားသည့် ဝန်ထမ်းများနှင့် အမှုထမ်း (၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

          သင်တန်းကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ  စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် “ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဟူသော ဌာန၏ မျှော်မှန်းချက်ကို လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာနနှင့် အထက်ဌာနများမှ ချမှတ်ပေးသော မူဝါဒများ၊ လမ်းညွှန်ချက်များ၊ ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအပေါ် သိရှိနားလည်နိုင်ရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

       အဆိုပါသင်တန်းတွင် တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးဦးထက်ဝင်းအောင်က စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေများအကြောင်းကို ရှင်းလင်းဆွေးနွေးပြီး စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၈)တွင် ပြဌာန်းထားသည့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များကိုလည်းကောင်း၊ လက်တွေ့မြေပြင်တွင် ဆောင်ရွက်နေမှုများနှင့် ချိတ်ဆက်၍လည်းကောင်း၊ ဥပမာများပေး၍ ဝန်ထမ်းများ စိတ်ဝင်စားအောင် အသေးစိတ်ရှင်းလင်း ဆွေးနွေးပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)