Main menu

ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ “မဟာစံမြင့်မိုရ်”ကိုယ်ပိုင်အထက်တန်းအဆင့် စာသင်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ အမှတ် ()ရပ်ကွက်ရှိ မဟာစံမြင့်မိုရ် ကိုယ်ပိုင်အထက်တန်းအဆင့်သင်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စားသုံးသူအခွင့်အရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းသော အစားအစာများကို မှန်ကန်စွာရွေးချယ်ဝယ်ယူတတ်စေရန် ရည်ရွယ်၍ ဇွန်လ ၁၅ ရက် နံနက်ပိုင်းက "စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ" ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

         ဟောပြောပွဲတွင် ကန့်ဘလူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးမျိုးဝင်းသန်းက ကျောင်းသား၊ ကျောင်းသူများကို စားသုံးသူအခွင့်အရေးနှင့် တာဝန်များ စားသုံးသူတစ်ဦးအနေဖြင့် ရရှိရမည့် အခြေခံအခွင့်အရေးများနှင့် လိုက်နာရမည့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများကို စစ်ဆေးခြင်း မုန့်နှင့်အစားအသောက်များ ဝယ်ယူရာတွင် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံး မည့်ရက်စွဲ၊ ထားသိုသိမ်းဆည်းပုံညွှန်ကြားချက်နှင့် သတိပေးချက်များကို သေချာစွာဖတ်ရှုတတ်စေရန်၊ ဘေးအန္တရာယ်ရှိသော အစားအစာများရှောင်ကြဉ်ရေး ခွင့်မပြုဆိုးဆေးများ ပါဝင်သောမုန့်များ၊ သန့်ရှင်းမှုမရှိသော အစားအစာများနှင့် သက်တမ်းလွန်မုန့်များ စားသုံးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုးကျိုးများ၊ "ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ မိမိတို့ နေ့စဉ်ဝယ်ယူစားသောက်နေတဲ့ အစားအစာတွေမှာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်မှု ရှိ၊ မရှိကို ကိုယ်တိုင်စစ်ဆေးတတ်ဖို့နဲ့ နစ်နာဆုံးရှုံးမှုတွေရှိလာရင်လည်း တိုင်ကြားနိုင်တဲ့ လမ်းကြောင်းတွေကို သိရှိထားဖို့ အခုလို အသိပညာပေးရခြင်းဖြစ်ပါတယ်" ဟု စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံက ပြောကြားခဲ့ကြောင်း သိရသည်။

          ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ခံက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)