
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ မြောက်ဇီးကုန်းကျေးရွာသည် ပြောင်းဖူးချိုကို ဧပြီလဆန်းတွင် စိုက်ပျိုးပြီး ဇွန်လဆန်းတွင် စတင်ထွက်ပေါ်၍ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။
ပြောင်းဖူးချို စိုက်ပျိုးရာတွင် ထွန်းကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ အဖူးကြီးပြီး အရသာအလွန်ချိုသည့်ပြောင်းဖူးချိုမျိုးစေ့ (၁၃၅)မျိုးစေ့ကိုစိုက်ပျိုးကြကြောင်း၊ ရာသီဉတုဒဏ်ကိုလဲ ခံနိုင်ရည်ရှိကြောင်း၊ (၁)ဧကလျှင် မျိုးစေ့ဖိုး၊ ဆေးဖိုး၊ ထွန်ယက်ခ၊ လုပ်သား ခအပါအဝင် စုစုပေါင်း ကုန်ကျစရိတ် ကျပ်(၁၅)သိန်းခန့် ကုန်ကြကြောင်း၊ (၁)ဧကလျှင် အဖူးရေ (၆၀၀၀)ခန့်ထွက်ရှိပြီး တစ်ဖူးလျှင် ကျပ်(၅၀၀)မှ ကျပ်(၈၀၀)ဖြင့်ရောင်းချရ၍ အကျိူးအမြတ် အနေဖြင့် တစ်ဧကလျှင် ကျပ်(၁၅)သိန်းခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဆင်ဖြူကျွန်းမြို့ပေါ်ရှိ ပွဲရုံများနှင့် ရွာအနီးပတ်ဝန်းကျင်များသို့ လက်လီ/လက်ကား တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ပြောင်းဖူးချိုသီးနှံစိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိကာ အဆင်ပြေ လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)
