
ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ တံတားဦးမြို့နယ်ရှိ၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ဇွန်လ(၉) ရက်နေ့တွင် တံတားဦးမြို့ရှိ Star Light သောက်ရေသန့် ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းအား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ပြောကြား ရာတွင်လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်မှပြန်ရောက်ရှိလာသော ဗူးခွံများ၏ အတွင်းအပြင်ကို နေ့စဉ်ဆေးကြောသန့်စင်ရန်လိုအပ်ကြောင်း၊၊ ရေသန့်များ ထုတ်လုပ်ရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းပြီး လိုက်နာဆောင်ရွက်ရမည့် အချက်များ နှင့် စားသုံးသူကာကွယ်ရေးကောက်မရှင်မှထုတ်ပြန်ထားသော (၂/၂၀၂၉)ပါ ကုန်စည်အမျိုးအစား အလိုက် ဖော်ပြရမည့်ညွှန်ကြားချက်များကို ပြည့်စုံမှန်ကန်စွာ ဖော်ပြလိုက်နာဆောင်ရွက်သွားရန်လို ကြောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှထုတ်ပြန်ထားသည့် လုပ်ငန်းလိုင်စင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ ထုတ်ပြန်ထားသည့် လက်မှတ်များလိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။DOCA(မန္တလေး)
