
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်းရှိ ဆီစက်များသည် ဒေသထွက်ကုန်ကြမ်း (နေကြာ၊ မြေပဲ၊ နှမ်း) များ ရရှိမှုအပေါ် မူတည်၍ အသေးစားနှင့် အလတ်စားအဆင့်များဖြင့် လည်ပတ်ကြိတ်ခွဲလျက်ရှိသည်။ သက်ဆိုင်ရာဌာနများ (စားသုံးသူရေးရာဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန) မှ ဆီစက်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု၊ ဈေးနှုန်းသင့်တင့်မျှတမှုနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးမှုများ ပုံမှန်ပြုလုပ်ပေးလျက်ရှိကြောင်း သိရပါသည်။
မအူပင်ခရိုင်အနေဖြင့် မအူပင်မြို့နယ်တွင် မြေပဲ ဆီကြိတ်ခွဲထုတ်လုပ်သည့် လုပ်ငန်းတစ်ခုရှိပြီး ဦးဌေးအောင် ဆီစက်မှ ၂၀၂၆ခုနှစ် မေလအတွင်း မြေပဲ ပိဿာ ၂၁၃၁ပိသာ ကြိတ်ခွဲပြီး တန်ချိန်အနေဖြင့် ၄.၃၈ တန်ရရှိကြောင်း၊ ကုန်ကြမ်း၃.၄၈ တန်အသုံးပြုထုတ်လုပ်ခဲ့ပြီး ကုန်ချောဆီထုတ်လုပ်နိုင်မှု ၁တန် ထုတ်လုပ်နိုင်ကြောင်း၊ ကုန်ကြမ်းများကို အခြားဒေသမှ ဝယ်ယူကြိတ်ခွဲထုတ်လုပ်ပြီး ထွက်ရှိသောမြေပဲဆီများကို ဒေသတွင်းသာ ဖြန့်ဖြူးရောင်းချကြောင်း သိရသည်။ ဆက်လက်၍ ညောင်တုန်းမြို့နယ်မှ ဦးရေပေါ် ဆီစက်လုပ်ငန်းမှ မြေပဲကုန်ကြမ်းအသုံးပြုမှု ၂.၂၆ တန်အသုံးပြုပြီး မြေပဲပိသာအနေဖြင့် ၁၃၈၄ ပိဿာ ကြိတ်ခွဲကြောင်း၊ ထွက်ရှိမှုအနေဖြင့် ဆီအချောထုတ်လုပ်မှုတန် ၀.၆၅ တန် ကုန်ကြမ်းများကို အခြားဒေသမှ မှာယူကြိတ်ခွဲပြီး ထွက်ရှိလာသောဆီများကို မြို့နယ်အတွင်းသာရောင်းချကြောင်း ဆီဈေးနှုန်းအနေဖြင့် မြေပဲဆီ ကျပ် (၂၀,၀၀၀ မှ ၂၁,၀၀၀) သိရသည်။ မအူပင်မြို့နယ်မှ ဆီစက်သည် အကြီးစားဖြစ်ပြီး၊ ညောင်တုန်းမြို့နယ်မှ ဆီစက်သည် အငယ်စားလုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
