
အပူပိုင်းဒေသဖြစ်သော မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်သည် စပါးမျိုးကောင်းမျိုးသန့် စိုက်ပျိုး ဖြစ်ထွန်းမှု နည်းသောကြောင့် မနောသုခစပါးမျိုးကို ဒေသတွင်း စားသုံးရန် အတွက်သာ စိုက်ပျိုးကြောင်း၊ စိုက်ပျိုးသော ကျေးရွာများမှာ ဆီမီးခုံကျေးရွာ၊ နဘူးအိုင်ကျေးရွာ၊ တလုပ်မြို့ရွာ၊ ရွာသစ် ကျေးရွာ၊ မြောက်ကျွန်းကျေးရွာနှင့် ရသာကျေးရွာတို့တွင် ဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးထား ကြောင်း၊ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် အဆိုပါကျေးရွာများ၌ စိုက်ပျိုးထားသော နွေစပါးစိုက်ဧက(၁၆၉) ဧက စိုက်ပျိုးထားကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ ယခင်နှစ် တစ်ဧက အထွက်နှုန်းအနေဖြင့် (၈၀)တင်း ခန့်ထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ် နွေစပါးစိုက်ပျိုး ထွက်ပေါ်ချိန်တွင် စပါးတစ်တင်းခွဲ တစ်အိတ်လျှင် (၃၀၀၀၀) ကျပ်ခန့် ပေါက်ဈေးများ ရှိခဲ့ကြောင်း၊ စပါးစိုက်ပျိုးမှုနည်းသောကြောင့် စပါးအရောင်းအဝယ်အနေဖြင့် ဈေးကွက်မရှိကြောင်း၊ စပါး အစိုဓါတ်ကို ၁၃%၊ ၁၄% တွင်မျက်မြင် ခန့်မှန်းဖြင့်ဆုံးဖြတ်ကြကြောင်း၊ ရိတ်သိမ်း ထွက်ရှိသော စပါးများကိုကျေးရွာရှိ ဆန်စက်များတွင် ကြိတ်ခွဲပြီးထွက်ရှိသော ဆန်သား များကိုသာကျေးရွာ အတွင်းစားသုံးရန် အရောင်းအဝယ် ပြုလုပ်ကြကြောင်း၊ ၂၀၂၆ခုနှစ်၊ ဇွန်လ ဒုတိယပတ်၌ မနောသုခမိုး တစ်တင်းခွဲတစ်အိတ်လျှင် ဒေသတွင်းပေါက်ဈေး (၈၀၀၀၀) ကျပ်ခန့်ရှိကြောင်း၊ ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် ရိတ်သိမ်းထွက် ပေါ်မည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် စိုက်ပျိုးထားသောနွေစပါးများမှာ စိုက်ပျိုးရေးဦးစီးဌာနမှ ပန်းတိုင်အထွက်နှုန်းကောင်းမျိုး မနောသုခ မျိုးများကို စိုက်ပျိုးထားကြောင်း၊ ရာသီဥတု၊ အပင်ပြုစုမှု၊ သွင်းအားစုနှင့် အချိန်မှန် ရေသွင်းနိုင်ပါက နွေစပါးများအထွက်နှုန်း ကောင်းနိုင်ကြောင်း၊ ဆီမီးခုံကျေးရွာမှ စပါးစိုက်တောင်သူ၏ ပြောပြချက် အရသိရှိရသည်။
DOCA(မန္တလေး)
