Main menu

ကယားပြည်နယ်ထွက် “ကွမ်းရွက်”အကြောင်းနှင့်တစ်နိုင်တစ်ပိုင် စိုက်ပျိုးမှု

Powered by Drupal

          ကယားပြည်နယ်တွင် ကွမ်းရွက်ပင်စိုက်ပျိုးခြင်းသည် ဒေသခံတောင်သူများ၏ အရေးပါသော ဝင်ငွေရင်းမြစ် တစ်ခုဖြစ်ပါသည်။ကယားပြည်နယ်(အထူးသဖြင့် လွိုင်ကော်မြို့၊ လောပိတမြို့နှင့် ဒီမော့ ဆိုမြို့)တို့တွင် ဒေသရေမြေနှင့်ကိုက်ညီပြီး ဈေးကွက်ဝင်သည့် အင်းကွမ်းနှင့်ကွမ်းနုဝါကွမ်းရွက် အမျိုး အစား(၂)မျိုးကို အဓိကထားစိုက်ပျိုးကြပါသည်။အင်းကွမ်း(သို့မဟုတ်)ရှမ်းကွမ်းရွက်၏ ပုံသဏ္ဍာန်မှာ အရွက်အနည်းငယ်သေးပြီး အသားထူကာ အရောင်မှာအစိမ်းရင့်ရောင်ရှိပါသည်။အရသာမှာ အနည်း ငယ်စပ်ရှိန်းရှိန်း အရသာရှိပြီး အနံ့မွှေးသည်။ကယားပြည်နယ်၏ ရာသီဥတုနှင့်မြေဆီလွှာ (အထူး သဖြင့်စိမ့်စမ်းရေရရှိသောနေရာများ)နှင့်အလွန်ကိုက်ညီပြီး အကြမ်းခံသည့်အတွက် ဒေသခံတောင်သူ များ အများဆုံးစိုက်ပျိုးကြသည့် အမျိုးအစားဖြစ်သည်။ကွမ်းနုရွက်ဝါ၏ပုံသဏ္ဍာန်မှာ အရွက်ကြီးကာ ဝိုင်းသော ပုံစံရှိပြီး အသားအနည်းငယ်နုကာ အစိမ်းနုရောင်(သို့မဟုတ်) အဝါရောင်ဘက်သမ်းသော အရောင်ရှိပါသည်။အင်းကွမ်းကဲ့သို့ စပ်ရှိန်းရှိန်းအရသာမရှိဘဲ အဖန်ဓာတ်အနည်းငယ်ရှိကာ ကြေညက် လွယ်သည်။ဈေးကွက်ထဲတွင်ဈေးကောင်းရသဖြင့်နောက်ပိုင်းတွင် စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးကြပါသည်။ ကွမ်းပင်ကို အများအားဖြင့် အရိပ်ရသောနေရာများတွင် စိုက်ပျိုးပြီးရေစိုစွတ်မှုကို လုံလောက်စွာ ထိန်းသိမ်းပေးရသည်။ကွမ်းပင်ကို အစေ့ဖြင့်မဟုတ်ဘဲ အကိုင်းဖြတ်(ဖြတ်ပင်)ဖြင့် စိုက်ပျိုးကြသည်။ ကျန်းမာသန်စွမ်းသော အကိုင်းများကို ၃-၅ ဆစ် ပါအောင်ဖြတ်ယူ၍ စိုက်ပျိုးကြသည်။ကွမ်းပင်များ နွယ်တက်နိုင်ရန် ထောက်တိုင်များဖြင့် အထောက်အကူပြုလုပ်ပေးရသည်။ အပင်တစ်ပင်နှင့် တစ်ပင် (၂)ပေမှ(၃)ပေခန့်ခွာ၍ စိုက်ပျိုးကြသည်။မြေကြီးမခြောက်သွေ့စေရန်လည်း ပုံမှန်ရေလောင်းပေးရ သည်။ကွမ်းပင်စိုက်ပျိုးရာတွင်နွားချေးနှင့်သဘာဝမြေဩဇာကို အသုံးပြုလျှင်အထွက်နှုန်း ပို၍ကောင်း မွန်စေပါသည်။စနစ်တကျပြုစုပါက နှစ်ပေါင်းများစွာ ဆက်လက်ထွက်ရှိနိုင်သည်။ကယားပြည်နယ်ရှိ တောင်တန်းဒေသများသည် အပူချိန်မျှတခြင်းနှင့်မိုးရေချိန် သင့်တင့်မှုရှိခြင်းတို့ကြောင့် ကွမ်းရွက်များ အရည်သွေးကောင်းမွန်စွာ ထွက်ရှိပါသည်။စိုက်ပျိုးပြီး(၃)လမှ(၆)လအတွင်း စတင်ခူးဆွတ်နိုင်ကာ နှစ်ရှည် ဆက်လက်ထွက်ရှိလေ့ရှိသည်။ကောင်းမွန်သော စိုက်ခင်းများတွင် တစ်ဧကလျှင် ကွမ်းရွက် အရွက်သိန်းပေါင်းများစွာ ထွက်ရှိနိုင်ပြီး တောင်သူများအတွက် အကျိုးအမြတ်ကောင်း ရရှိစေသည်။ လက်ရှိကာလပေါက်ဈေးနှင့် သွင်းအားစုစရိတ်များအရ ကွမ်းဦးစိုက်ခင်းတစ်ဧကတည်ထောင်ရန် အ တွက် စုစုပေါင်းကုန်ကျစရိတ်မှာ အကြမ်းဖျင်းအားဖြင့် ကျပ်သိန်း(၈၀မှ၁၀၀ဝန်းကျင်) ခန့်ရှိနိုင်ပြီး တစ်ဧကလျှင် တစ်နှစ်စုစုပေါင်း၄၅၀၀ပိဿာမှ၄၈၀၀ပိဿာခန့် ထွက်ရှိနိုင်ပါသည်။ယခင်က ကယား ပြည်နယ်တွင် စီးပွားဖြစ်စိုက်ဧကများစွာ စိုက်ပျိုးသော်လည်း ယခုအခါတွင်မူမိသားစု တစ်နိုင် တစ် ပိုင် အနည်းငယ်သာစိုက်ပျိုးကြပါသည်။ကွမ်းရွက်ဈေးနှုန်းမှာရာသီအလိုက်အတက်အကျရှိပြီး အရည် အသွေး၊အရွက်အရွယ်အစားနှင့်ဈေးကွက် လိုအပ်ချက်ပေါ်မူတည်ပြီး သတ်မှတ်ရောင်းဝယ်ကျသည်။ ကယားပြည်နယ်မှထွက်ရှိသော ကွမ်းရွက်များကို ပြည်နယ်အတွင်းသာမက အခြားမြို့ကြီးများသို့ လည်း တင်ပို့ရောင်းချကြသည်။လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်း ဇွန်လပထမပတ်တွင် အင်း ကွမ်းလက်ကားတစ်ပိဿာလျှင် ကျပ်(၈၀၀၀)မှကျပ်(၈၅၀၀)ခန့်၊ ကွမ်းနုဝါလက်ကားတစ်ပိဿာလျှင် ကျပ်(၈၅၀၀)မှကျပ်(၉၀၀၀)ခန့်ထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဒေသခံကွမ်းရောင်းချသူများ ထံမှ သိရှိရပါသည်။

DOCA(ကယား)