
မွန်ပြည်နယ်အတွင်း မိုးရာသီအစပိုင်းကာလတွင် တောမျှစ်များ စတင်ထွက်ရှိလာ သဖြင့် ဒေသတွင်းဈေးကွက်များ၌ မျှစ်အရောင်းအဝယ်များ ကောင်းမွန်လျက်ရှိကြောင်း ဒေသခံများနှင့် ဈေးသည်များထံမှ သိရသည်။
ရေး၊ သထုံ၊ ပေါင်၊ ချောင်းဆုံနှင့် ကျိုက်မရောမြို့နယ်များရှိ တောင်တန်းနှင့် တော ဧရိယာများမှ မျှစ်များနေ့စဉ်ထွက်ရှိလာပြီး ဒေသတွင်းဈေးများသို့ တင်ပို့ရောင်းချ နေကြောင်း သိရသည်။ လက်ရှိတွင် မျှစ် (၁၀) ချောင်းပါတစ်စည်းလျှင် (၂၀၀၀) ကျပ်ဖြင့် ရောင်းချနေကြောင်း သိရသည်။
ဒေသခံများအနေဖြင့် မျှစ်များကို ဟင်းချက်စားသုံးခြင်း၊ သုပ်စားခြင်း၊ ကြော်စားခြင်း၊ ငပိရည်နှင့်တွဲဖက်စားသုံးခြင်းများ ရှိသကဲ့သို့ အချို့မှာ အခြောက်လှန်၍လည်း ရောင်းချ နေကြောင်း သိရသည်။ မျှစ်ရှာဖွေရောင်းချခြင်းသည် မိုးရာသီကာလအတွင်း မွန်ပြည်နယ်ရှိ ကျေးလက် ဒေသနေပြည်သူများအတွက် အပိုဝင်ငွေရရှိစေသော ရာသီတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။
DOCA (မွန်)
