
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးဘောမ်ဇုံး (ရုံးအုပ်)သည် ၂၂-၅-၂၀၂၆ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် ဝိုင်းမော်မြို့၊ အမှတ်(၁)၊ မြို့နယ်စည်ပင်ဈေး(၁)ရှိ စားသုံးသူပြည်သူ (၁၈)ဦး အား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး ၊ စိတ်ကျေနပ်မှု ရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျက် အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ အသိပညာပေးဟောပြောရာတွင် ဦးဘောမ်ဇုံး (ရုံးအုပ်)က စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁)၊ပုဒ်မ(၂)ပါ စားသုံးသူကာကွယ်ရေးနှင့်စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)၊ ပုဒ်မ(၂၀)ပါ စားသုံးသူ၏တာဝန်များအကြောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၉)၊ပုဒ်မ(၁၉)ပါ စားသုံးသူ၏ အခွင့်အရေးများဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူ အသုံးပြုရာတွင် လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက် အထားရယူခွင့်ရှိခြင်း၊ စားသုံးသူများ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း စသည့်အချက်များ အကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆို နိုင်သည့် အခွင့်အရေးနှင့် တက်ရောက်လာသော စားသုံးသူများအား Consumer Call Center လိုင်းခွဲ(၁) သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားရမည့် နည်းလမ်းများအကြောင်း၊ အီလက်ထရောနစ် အငွေ့ရှူစက် ဖြစ်သည့် အီလက်ထရောနစ်စီးကရက်ကဲ့သို့သော ပစ္စည်းများအကြောင်း၊ ကုန်စည်များကို ဝယ်ယူ သုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များကိုသာ ဝယ်ယူ သုံးစွဲရန်၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားရန် CICC ရုံးခန်းများကို ဖွင့်လှစ်ထားရှိမှုနှင့် ဖြေရှင်း ပေးနေမှုအခြေအနေများ၊ Call Center 1535 သို့ တိုက်ရိုက်ခေါ်ဆို မေးမြန်း တိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။
DOCA(ကချင်)
