Main menu

မန္တလေးမြို့ပေါ်ရှိ Supermarket များတွင် ရောင်းချလျက်ရှိသော စားသုံးဆီတံဆိပ်အမျိုးမျိုးအား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

              မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ Supermarket များတွင် ရောင်းချလျက် ရှိသော စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း  ရှိ/မရှိ တို့အား စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့တို့ ပူးပေါင်း၍ ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းအား မေလ(၁၅)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီ အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

            ထိုသို့ စစ်ဆေးရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသော ဆီများနှင့် ပြန်လည် သန့်စင်ထားသည့် ဆီများ ဈေးကွက်အတွင်းရောင်းချပါက စားသုံးသူများကို ဘေးအန္တရာယ်ဖြစ်ပွားစေ ခြင်း၊ ကုန်စည်၏အမျိုးအမည်ကို မြန်မာဘာသာဖြင့် တိကျစွာဖော်ပြစေခြင်းကို လိုက်နာဆောင်ရွက်နိုင် ရေး၊ မိမိထုတ်ကုန်နှင့်ပတ်သက်၍ အာမခံချက်၊ သတ်မှတ်ချက်များ ပြည့်စုံမှန်ကန်မှုရှိစေရေး စသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက် သတ်မှတ်ထားသော အချက်များ ဖော်ပြရန်နှင့် ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ တို့ကို စစ်ဆေးဆောင် ရွက်ခဲ့ကြောင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)