
၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက်နေ့၊ နံနက် ၁၀း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည့် သက်ဆိုင်ရာ မိတ်ဖက်ဌာနဆိုင်ရာများ ဖြစ် သော ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများဖြင့်ပူးပေါင်း၍ မြိတ်မြို့ပေါ်ရှိ Super Market များတွင် တရားမဝင် ဆေးလိပ်အတုများရောင်းချနေမှုများ ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် စျေးကွက်အတွင်း Myanmar Japan Tobacco Co. Ltd မှ တရားဝင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် Mavius Original Blue အမှတ်တံဆိပ်အား တုပ၍ အစိုးရ အခွန်တံဆိပ်အတုအသုံးပြုထားသော တရားမဝင်ဆေးလိပ်အတုများ ရောင်းချမှုများ ရှိ/မရှိ စစ်ဆေး ခြင်းနှင့် လုပ်ငန်းရှင်များအား သက်ဆိုင်ရာ ဌာနဆိုင်ရာများ၏ ခွင့်ပြုချက်များ မပါရှိသော တရားမဝင် ကုန်စည်များ ရောင်းချမှုမရှိစေရေးအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
