Main menu

မင်းကြီးကြိုက်စားသောက်ဆိုင်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

Powered by Drupal

                    စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသောက်ကုန်လုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများသို့ စက်မှုလုပ်ငန်းသုံးစားအုန်းဆီများ ဝယ်ယူနိုင် ရေး စိစစ်ဆောင်ရွက်ပေးလျက်ရှိရာ ၁၁-၅-၂၀၂၆ ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ မင်းကြီးကြိုက်စားသောက်ဆိုင်လုပ်ငန်းရှင်မှ စက်မှုလုပ်ငန်းသုံးစားအုန်းဆီ လာရောက် လျှောက်ထားရာ ဦးစိုးမိုးထွန်း၊ ဦးစီးမှူးသည် တစ်ရက်သုံးစွဲမှု၊ တစ်လသုံးစွဲမှုများကိုစိစစ် တွက်ချက်၍ ဝယ်ယူရရှိရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

          ထိုသို့စက်မှုလုပ်ငန်းသုံးစားအုန်းဆီ လာရောက်လျှောက်ထားစဉ် မင်းကြီးကြိုက် စားသောက် ဆိုင်အနေဖြင့် အစားအသောက်ကြော်လှော်ရောင်းချခြင်းနှင့်ပတ်သက်၍ စားသုံးသူများ အတွက် သန့်ရှင်း သပ်ရပ်မှုရှိစေရေး၊ သန့်ရှင်းလတ်ဆတ်သည့် အစားအသောက်များကိုသာ ရောင်းချစေရေး၊ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ စားသုံးသူထိခိုက်နစ်နာမှုမရှိစေရေးတို့ကို အထူးအလေးထား ဆောင်ရွက်သွား ရန်လိုအပ်ကြောင်း၊ အစားအသောက်တွင် ထည့်သွင်းသည့် ပါဝင်ပစ္စည်းများ သန့်ရှင်းမှုရှိစေရေး၊ ဆိုင်ဝန်ထမ်းအားလုံး တစ်ကိုယ်ရည်သန့်ရှင်းမှုအား အလေးထားရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက်များ ဟောပြောဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်းသိရ သည်။

DOCA(မန္တလေး)