Main menu

“ Kyaw ” သောက်ရေသန့်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တာဝန်ခံရုံးမှ ခရိုင် တာဝန်ခံ ဦးဇော်ထွန်းဦးနှင့် ဝန်ထမ်း()ဦးတို့သည် သက်ဆိုင်ရာဌာနများနှင့်အတူ (..၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မင်းဘူးမြို့၊ အေးမြသာယာရပ်ကွက်ရှိ “ Kyaw ” သောက်ရေသန့်လုပ်ငန်းသို့ သွားရောက်ကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် ကုန်စည်၏ ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်း ဈေးကွက်အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီအောင် ထုတ်လုပ်နိုင်ရေး၊ FDA ထောက်ခံချက်ရှိ/မရှိ၊ ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ဈေးနှုန်းဈေးကွက် အခြေအနေများအား စိစစ်ခဲ့ပြီး၊ ပတ်ဝန်းကျင်သန့်ရှင်းမှုတို့ကို အလေးထား ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဌာနများက စီးပွားရေးလုပ်ငန်းရှင်များအား ပစ္စည်းများ၏ ထုတ်ပိုးမှုအပြင်အဆင်ပေါ်တွင် စီးပွားရေးနှင့်ကူသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ (၄၁) ပုဒ်မခွဲ ()နှင့်() တို့ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြရာ တွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျှက် ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော်ပြထားမှုရှိ/မရှိ၊ ဌာနမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဟု အသိပေးပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)