
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စစ်ဆေးရေးအရာရှိဦးဆောင်သော ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ် ဧပြီလ (၂၁) ရက် နေ့တွင်မိတ္ထီလာမြို့နယ်၊ စွယ်တော် ကုန်စုံဆိုင်အတွင်းရောင်းချလျှက်ရှိသော အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြပါ သည်။ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်တွင်ရောင်းချနေသော အချိုရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြ ခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများမှ ကန့်သတ်တားမြစ်ထားသည့်ကုန်စည်များ ရောင်းချခြင်းရှိ/မရှိနှင့် စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော အချိုရည်များရောင်းချခြင်း ရှိ/မရှိတို့ အား စစ်ဆေးခဲ့ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေနှင့်အညီ လိုက်နာဆောင် ရွက်ကြရန် ပြောကြားခဲ့ပြီး စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်အမှတ် အသား ပြည့်စုံစွာ ဖော်ပြဆောင်ရွက်မှုရှိ/မရှိအား ဌာနမှစျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို နေ့စဉ်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြ ထားခြင်းမရှိသော ကုန်ပစ္စည်းများအား ရောင်းချခြင်းမပြုကြရန်ပြောကြားခဲ့ပြီး၊ သတ်မှတ်စံချိန်စံနှုန်း နှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသောသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော အချိုရည်များကိုသာ ဈေးကွက်အတွင်းရောင်းချလျက် ရှိကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)
