
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်မှု၊ ပခုက္ကူ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၂၉.၄.၂၀၂၆) ရက်နေ့၊ နေ့လယ်(၁၄:၃၀) နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ် (၅)ရပ်ကွက်ရှိ သူနာပြုနှင့် သွားဖွားသင်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ရာ သင်တန်းသား၊သင်တန်းသူ (၁၀၀) ဦးနှင့် ဆရာ၊ ဆရာမ (၁၀) ဦး စုစုပေါင်း (၁၁၀) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ ပြီး ဒု-ခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက ဌာန၏သမိုင်းကြောင်းနှင့် ယခုဌာနမှဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းကို ပထမဆုံး ရှင်းလင်းပြောကြားခဲ့ပြီး ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက စားသုံးသူ ကာကွယ်ရေးဥပဒေ၊ အခန်း (၉)ပါ စားသုံးသူများရရှိသည့်အခွင့်အရေး (၈)ချက်နှင့် စားသုံးသူများ လိုက်နာရမည့်တာဝန်(၄)ချက်ကိုလည်းသင်တန်းသား၊ သင်တန်းသူများနှင့် ဆရာ၊ ဆရာမများကို သိရှိ နားလည်စေရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါတယ်။ အခုလိုသိရှိမှသာ မိမိတို့ရရှိမည့် အခွင့်အရေးများကို တောင်းခံနိုင်မည်ဖြစ်ကြောင်း၊စားသုံးသူများ လိုက်နာရမည့် တာဝန်များကိုလည်း တိတိကျကျ လိုက်နာရန် လိုအပ်ကြောင်းများကိုလည်း ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ပပရွှေက စားသုံးသူကာကွယ်ရေး အခန်း (၁၈)ပါ ကုန်အ ညွှန်းအမှတ်အသားများတွင် ထည့်သွင်းဖော်ပြရမည့် အချက် (၈)ချက်အား တက်ရောက်လာသည့် သင်တန်းသား၊သင်တန်းသူများနှင့် ဆရာ၊ ဆရာမများကို ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပြီး ယခုကဲ့သို့ ကုန်အညွှန်းအမှတ်အသားများ မပါလျှင် ဝယ်ယူစားသောက်ခြင်း မပြုစေချင်ကြောင်း၊ ကုန်အညွှန်း အမှတ်အသားများပြည့်စုံမှသာလျှင် သုံးစွဲစေချင်ကြောင်း၊ စားသုံးသူမိဘပြည်သူများက တိကျစွာ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒု-ခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက မိဘပြည်သူများ အခွင့်အရေးများကို သိရှိပြီး နစ်နာဆုံးရှုံးမှုရှိခဲ့လျှင်တိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ “CICC” ရုံးများ ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း၊ တိုင်ကြားနိုင်ပါကြောင်း၊ ဒါအပြင် Facebook စာမျက်နှာတွင်လည်းကောင်း၊ DOCA Myanmar Application တွင်လည်း ကောင်း၊ Consumer Call Center ဖွင့်လှစ်ထားသည့် (1535) တွင်လည်းကောင်း တိုင်ကြားနိုင် ကြောင်းများနှင့် တိုင်ကြားနိုင်သည့်ပုံစံများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ပါ သည်။ တက်ရောက်လာသည့် သင်တန်းသား၊သင်တန်းသူများနှင့် ဆရာ၊ ဆရာမများက သိရှိလိုသည် များကို မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါ သည်။
DOCA(မကွေး)
