
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူနှင့် ဝန်ထမ်းများသည် ၂၀၂၆ခုနှစ်၊ မေလ(၅)ရက်နေ့၊ နံနက်(၀၈း၀၀)နာရီအချိန်တွင် မုံရွာမြို့ပေါ်ရှိ အများပြည်သူသို့ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေးနေသော လက်လီဆီကိုယ်စားလှယ်အရောင်းဆိုင်များသို့ ကွင်းဆင်းကြီးကြပ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်မှ စားသုံးသူပြည်သူများသို့ သက်သာသော သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဝယ်ယူစားသုံးနိုင်ရန် ထုတ်ပေးသောစားအုန်းဆီများကို လက်လီအရောင်းဆိုင်များမှ ရောင်းချရတွင် ဈေးနှုန်းမှန်ကန်မှုရှိစေရေး၊ အချိန်အတွယ်မှန်ကန်မှုရှိစေရေး နိုင်ငံတော်မှထုတ်ပြန်ထားသော သတ်မှတ်ချက်များအတိုင်း ရောင်းချမှုရှိစေရေး၊ စားအုန်းဆီများဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းကိုဗွီနိုင်းတွင်ရေး၍ ချိတ်ဆွဲရောင်းချစေရေး၊ ခွဲတမ်းရရှိသောဆီပမာဏအလိုက် ပြည့်ဝစွာရောင်းချစေနိုင်ရေး၊ စားအုန်းဆီများအား စားသုံးသူပြည်သူများထံသို့ အပြည့်အဝရောက်ရှိစေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သို လှောင်ထားမှုမရှိစေရေး၊ ဌာနမှထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာရောင်းချစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးကြီးကြပ်မှုများ ဆောင်ရွက်ခဲ့ကြောင်းနှင့် စားအုန်းဆီ ရောင်းချနေမှုများအား ဆက်လက်၍လည်း အစဉ်တစိုက်စီစစ်ကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
