
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များအား စားသုံးသူ ရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို (၉.၄.၂၀၂၆) ရက်နေ့၊ မွန်းလွဲ (၁၃:၃၀) နာရီ အချိန်တွင် မြင်းခြံခရိုင်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းစိုး က စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက် များနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များက ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏တံဆိပ်အမှတ်အသား၊ အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံ နည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ကုန်ကြမ်းပစ္စည်းအမျိုးအမည်နှင့် ပါဝင်မှုနှုန်းအချိုးအစား၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့် ကြောင်းဖော်ပြချက်နှင့်ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသော အချက်များ၊ ဥပဒေပါပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန်နှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်လာပါက တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက် ရေးစင်တာ(CICC)ရုံးများတွင် တိုင်ကြားနိုင်သလို၊ အွန်လိုင်းမှလည်းတိုင်ကြားနိုင်ခြင်း၊ Consumer Call Center ဖုန်းနံပါတ်(1535)သို့လည်း ရုံးချိန် အတွင်း ဆက်သွယ်မေးမြန်းတိုင်ကြား ဆောင်ရွက်နိုင်ပါ ကြောင်း၊ မိမိတို့စားသုံးသူရေးရာဦးစီးဌာန၏ Website မှလည်း ဝင်ရောက်တိုင်ကြားနိုင်ပါကြောင်းနှင့် ဦးစီးဌာနအကြောင်း၊ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ကုန်သွယ်မှုသတင်းများ၊ကွင်းဆင်းဆောင်ရွက်မှုသတင်းများနှင့် ဥပဒေအကြောင်းအရာများကိုလည်း ဝင်ရောက်ကြည့်ရှု့လေ့လာနိုင်ပါ ကြောင်း စသည်ဖြင့်အကျယ်တဝင့် အသိပညာပေးဟောပြောပြီးနောက် တက်ရောက်လာသော လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းကြရာ ခရိုင်ဦးစီးမှူးနှင့်ဒု-ခရိုင်ဦးစီးတို့မှ ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)
