
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးသည် ၈.၄.၂၀၂၆ ရက်နေ့ ခရိုင်ကျန်းမားရေးဦးစီးဌာန၏ ဖိတ်ကြားချက်အရ မြို့နယ်စည်ပင်သာယာရေးရုံးတွင် ဌာနဆိုင်ရာများ၏ လစဉ်လျာထားချက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်မည့် လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဌာနအလိုက် ဆွေးနွေးဆောင်ရွက်ခြင်းကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနများချိတ်ဆက်အကြောင်းကြား၍ ပူးပေါင်းစစ် ဆေးဆောင်ရွက်နိုင်ရန်ကိုလည်းကောင်း၊ ဧပြီလအတွင်း စစ်ဆေးဆောင်ရွက်မည့် အစီအမံများကို ချပြရှင်းလင်းဆောင်ရွက်ရန်ကိုပြောကြားခဲ့ပြီး မအူပင်ခရိုင် စားသုံးသူရေးရာဦးစီဌာမှ ဧပြီလအတွင်း ကွင်ဆင်းစစ်ဆေးမည့် လုပ်ငန်းများဖြစ်သော အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုး ဈေးကွက်စောင့်ကြည့်စစ်ဆေးမှု ဆေးဆိုင်များအားစစ်ဆေးမှု၊ စားအုန်းဆီ၊ ဗူးသွပ်ဆီများ ကွင်းဆင်းစစ်ဆေးမှု၊ စက်သုံးဆီဆိုင်စစ်ဆေးဆောင်ရွက်မှု၊ ရွှေဆိုင်များ ကွင်းဆင်းစစ်ဆေးမှု၊ ပြည်တွင်းကုန်သွယ်မှုများအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ၊ ဈေးကွက်မရောက်မှီ ထုတ်ကုန်စစ်ဆေးမှုများ၊ လုပ်ငန်းရှင်အသိပညာပေးမှုများကို အပတ်စဉ် ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ အခြားဌာနများမှလည်း လုပ်ငန်းကွင်းဆင်း စစ်ဆေးဆောင်ရွက်မည့် အစီအမံများကို ချပြရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဌာနဆိုင်ရာတက်ရောက်သူ ၁၀ဦးရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
