
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်မှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၄.၄.၂၀၂၆) နေ့နံနက် ( ၁၀:၀၀) နာရီ အချိန်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အခွန်ဦးစီးဌာန၊ လူဝန်မှုကြီးကြပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်ဌာနတို့ပါဝင်သော အဖွဲ့သည် တပေတမော့ကျေးရွာရှိ “သာမညဖြိုး”စက်သုံးဆီဆိုင်၊ “ဖွံ့ဖြိုးအောင်”စက်သုံးဆီဆိုင်များသို့ သွားရောက်ပြီး စက်သုံးဆီရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစိစစ်ရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/ မရှိ၊ အချိန်အတွယ်မှန်ကန်ပြည့်ဝမှုရှိ/ မရှိ ဆီကန်များတွင်လည်း စက်သုံးဆီလက်အခြေအနေများကို စစ်ဆေးတိုင်းတာခြင်း ခရီးသွားပြည်သူများ သွားလာမှုလွယ်ကူချောမွေ့စေရေးနှင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေး၊ စက်သုံးဆီပြတ်လတ်မှုမရှိစေရေး၊ စီစဉ်ဆောင်ရွက်မှုအခြေအနေကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
