
၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့၊ (၁၀း၀၀)နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် Myanmar Oil Alliance Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၈၁)ပေပါကို ယာဉ်မောင်း ဦးဇော်ဇော်၊ ယာဉ်အမှတ် 9K-9082/ Hino မော်တော်ယာဉ်ဖြင့်လည်းကောင်း၊ Yadanarbon Global Network Distribution Co,Ltd မှ စားအုန်းဆီ (၄၉) ပေပါနှင့် Kaung Hlyan New Asia Co,Ltd မှ စားအုန်းဆီ (၃၅) ပေပါကို ယာဉ်မောင်း ဦးဌေးဟန်၊ ယာဉ်အမှတ် 7F-3017/ Nissan မော်တော်ယာဉ်ဖြင့်လည်းကောင်း တင်ဆောင်၍ ရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦး၊ အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူးနှင့် ထားဝယ်ခရိုင် စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှတာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ ရောက်ရှိလာသော စားအုန်းဆီစုစုပေါင်း (၁၆၅)ပေပါအား ကုမ္ပဏီ၏လက်ကားအရောင်း ကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်၊နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်ကုန်စုံဆိုင် အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအားရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
