
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ရေကြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂.၄.၂၀၂၆) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ရေကြည်မြို့ရှိ စားသောက်ဆိုင်များအား မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနများနှင့် ပူးပေါင်း၍ အစားအသောက်များ ဝန်ဆောင်မှု့ပေးရာတွင် စားသုံးသူထိခိုက်နစ်နာမှု့မရှိစေရေး ဈေးကွက်စောင့်ကြည့်ခဲ့ကြောင်း သိရသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်ရာတွင် အစားအသောက် ပြင်ဆင်ချက်ပြုတ်ရာနေရာ မီးဖိုခန်း၊ ချက်ပြုတ်ပြင်ဆင်သူတို့၏ တစ်ကိုယ်ရည် သန့်ရှင်းရေး၊ အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှု ရှိ/ မရှိ စစ်ဆေးရာတွင် သန့်ရှင်းမှု့မရှိခြင်းကြောင့် ဖြစ်ပေါ်လာမည့် ကျန်းမာရေးပြဿနာများမှ စားသုံးသူအားကာကွယ်ရန်နှင့် ရောင်းချသည့်စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစား ပမာဏအလိုက် ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာ အသိပေးဖော်ပြထားခြင်းဖြင့် စားသုံးသူများ၏ အခွင့်အရေးကိုကာကွယ်ရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
