Main menu

ပဲခူးမြို့တော်ခန်းမတွင် World Comsumer Rights Day (ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့) အထိမ်းအမှတ် အခမ်းအနားအား ကျင်းပ

Powered by Drupal

                 ပဲခူးတိုင်းဒေသကြီး၊ ပဲခူး (မြို့တော်ခန်းမ) တွင် World Comsumer Rights Day (ကမ္ဘာ့စား သုံးသူ အခွင့်အရေးများနေ့) အထိမ်းအမှတ် အခမ်းအနားအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ၁၂.၃.၂၀၂၆ ရက်နေ့တွင် ဦးစီးဦးဆောင်ပြု၍ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးနှင့်တကွ ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်း များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကျောင်းသား/ ကျောင်းသူများ တက် ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

          အဆိုပါ အခမ်းအနား၌ စီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင်မတ်လ ၁၅ ရက်နေ့တွင် ကျရောက်မည့် World Comsumer Rights Day (ကမ္ဘာ့စားသုံးသူ အခွင့်အရေး များ နေ့)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပါသည်။ ထို့နောက် တိုင်းဒေသကြီးဦးစီး မှူးမှ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း၊ စားသုံးသူအခွင့်အရေး (၈)ချက် နှင့် စားသုံးသူ ရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးလုပ်ဆောင်ချက်များ၊ နောင်နှစ်များတွင် ဆက်လက်လုပ် ဆောင်မည့် လုပ်ငန်းစဉ်များ၊ စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူနစ်နာမှုများ ကြုံတွေ့လာရပါက စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင်ဖြင့်သော်လည်းကောင်း၊ ဖုန်းဖြင့် သော်လည်းကောင်း၊ လာရောက်တိုင်ကြားနိုင်ကြောင်း ၊ ပြည်သူများနှင့် လာရောက်တိုင်ကြားနိုင်ရန် အတွက်လည်း  တိုင်းဒေသ ကြီး/ ပြည်နယ်များနှင့် ခရိုင် /မြို့နယ်များတွင် စားသုံးသူရေးရာဦးစီး ဌာနရုံးများ (စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာ - CICC ရုံးများ)ကို အချိန်ပြည့်ဖွင့်လှစ်ကာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ လူကိုယ် တိုင်မလာရောက်နိုင်ပါကလည်း Hotline နံပါတ် ၁၅၃၅ နှင့် အင်တာနက် စာမျက်နှာ www.doca.gov.mm သို့ တိုင်ကြားနိုင်ကြောင်းတို့ကို ပြည့်စုံစုံလင်စွာ ပြောကြားခဲ့ပါသည်။ ထို့ နောက် တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများက ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်များအား MSMEs  ပြခန်းများကို လိုက်လံပြသခဲ့ပြီး တက်ရောက်လာသော ဧည့်ပရိတ်သတ်များကလည်း တက်ကြွစွာ ဝင်ရောက်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)