
( ၂၀.၃.၂၀၂၆ ) ကလေးမြို့၊ ကားကြီးဝန်းအတွင်းရှိ HIGH CLASS ခရီးသည်ဝန်ဆောင်မှု လုပ်ငန်းအား သွားရောက်၍ ( ခရိုင်ဦးစီးမှူး ) ဒေါ်သန်းသန်းဝင်းနှင့် ဝန်ထမ်း ( ၂ ) ဦးတို့သည် ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများ ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ခရီးသည်ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်း ဆောင်ရွက်သည့် ကားအသင်းများအနေဖြင့် စားသုံးသူများ၏ လိုအင်ဆန္ဒနှင့်အညီ ခရီးသည်နှင့် ကုန်ပစ္စည်းတန်ဆာများကို လုံခြုံချောမွေ့စွာဖြင့် ပို့ဆောင်ခြင်း၊ ဆောင်ရွက်မည်ဆိုပါက ဝန်ဆောင်မှု လုပ်ငန်းများကို အသုံးပြုနေသည့် စားသုံးသူပြည်သူများအနေဖြင့် နေ့စဉ်နှင့်အမျှ ကုန်ပစ္စည်းများ တင်ပို့ရာတွင် စိတ်ကျေနပ်မှုရှိလာမည်ဖြစ်ပြီးခရီးသွားပြည်သူများအနေဖြင့်လည်းယာဉ်မတော်တဆဖြစ်ပွားမှုများမှကင်းဝေးလာမည်ဖြစ်ပြီးအခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုများ အပြည့် အဝရရှိလာမည်ကို ရည်မျှော်၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
