Main menu

ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ လုပ်ငန်းရှင်မှလာရောက်တွေ့ဆုံ      

Powered by Drupal

                           စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးသို့  ၁၃.၃.၂၀၂၆ ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် မြင်းခြံမြို့၊ အမှတ်(၁၃)ရပ်ကွက်ရှိ ‘‘ကောင်းမှကောင်း’’ အမှတ်တံဆိပ် ငါးမုန့်ကြော် လုပ်ငန်းရှင်မှ ကုန်စည်များတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ လာရောက်တွေ့ဆုံရာ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးစိုးမိုးထွန်း(ဦးစီးမှူး)က ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။

                       ဌာနခွဲတာဝန်ခံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များ ထုတ်လုံဖြန့်ဖြူးရောင်းချ မည်ဆိုပါက ၂၀၁၉ စားသုံးသူကာကွယ်ဥပဒေပါ စီးပွားရေးလုပ်ငန်းများ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသား တင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေး ဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို ထည့်သွင်းဖော်ပြပေးရန်လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မိမိထုတ်လုပ်သော ကုန်စည် အမျိုးအစားအလိုက် မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ မဖြစ်မနေထည့်သွင်းဖော်ပြရမည့် အချက်များအားနှင့် ဖော်ပြရာတွင် လည်း သိသာထင်ရှားစွာ ဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။ စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ဈေးကွက်များအတွင်းတွင်လည်းကောင်း၊ ကုန်စည်ထုတ်လုပ်သောနေရာများတွင် လည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများနှင့် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍လည်း အသိပညာပေးမှုများကိုနေရာစုံ၊ နည်းလမ်းပေါင်းစုံဖြင့် အစဉ်တစိုက်ဆောင်ရွက်နေသည့်အတွက် စားသုံးသူများအပြင် လုပ်ငန်းရှင်များပါ မိမိတို့ကုန်စည်များအတွက် လိုအပ်သည့် သက်ဆိုင်ရာဌာန များ၏ ပြဌာန်းချက်များ၊ သတ်မှတ်ချက်များနှင့် ဥပဒေများကို လိုက်နာမှုရှိလာကြောင်း သိရှိရသည်။

DOCA(မန္တလေး)