Main menu

တောင်သူလယ်သမားနေ့ MSMEs     ဒေသထုတ်ကုန်များ အရောင်းပြခန်းနှင့် သစ်သီးဝလံ၊ ပန်းမန်ပြပွဲ” ၌ ညောင်လေးပင်ခရိုင်မှ ပါဝင်ခင်းကျင်း ရောင်းချ

Powered by Drupal

               ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်တာဝန်ခံရုံးအနေဖြင့် ကုန် ဈေးနှုန်းတည်ငြိမ်ရေး၊ စားသုံးသူကာကွယ်ရေး လုပ်ငန်းများအပြင် နှစ်စဉ် ကျင်းပလျက်ရှိသော  ပွဲတော်များကိုလည်း ပါဝင်ဆင်နွှဲလျက်ရှိရာ မတ်လ ၂ ရက်နေ့တွင် ကျရောက်သော  (၆၄) နှစ် မြောက် တောင်သူလယ်သမားနေ့ MSMEs ဒေသထုတ်ကုန်များ အရောင်းပြခန်းနှင့် သစ်သီးဝလံ၊ ပန်းမန်ပြပွဲ” တွင် ဝင်ရောက်ဆင်နွှဲခဲ့ကြောင်း သိရှိရပါသည်။

               (၆၄) နှစ်မြောက် ကျရောက်သော “တောင်သူလယ်သမားနေ့ ကို ကြိုဆိုဂုဏ်ပြုသောအား ဖြင့် ပဲခူးမြို့ “ကျိုက်ပညာယျ” စေတီတော်မြတ်ကြီး၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးစီးဦး ဆောင် ကျင်းပသော တောင်သူလယ်သမားနေ့ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များမှ ထွက်ရှိသော ဒေသထွက်ကုန်ပစ္စည်းများကို သက်ဆိုင်ရာ ခရိုင်/ မြို့နယ်အလိုက် ခင်းကျင်းရောင်းချခဲ့ပါသည်။ ထို့အပြင် ပြပွဲ/ ပြိုင်ပွဲများအနေဖြင့်  သစ်သီးဝလံများ၊ ပန်းများ၊ လယ် ယာထွက်ကုန်ပစ္စည်းများကို ခရိုင်/ မြို့နယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ဆုများလည်း ချီးမြှင့်ခဲ့ပါသည်။ “တောင်သူလယ်သမားနေ့” ဈေးရောင်းပွဲတော်တွင် ညောင် လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်အတွင်း ထွက်ရှိသော ဒေသထွက်ကုန် ပစ္စည်းများဖြစ်သည့် ACT ရှောက်ချဉ်ရည်နှင့် ရှောက်ပျားရည်၊ (လုပ်သား) မရွေး၊ ရွှေခေတ် (အသင့်စားမုန့်) စသည်တို့ကို ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA( ပဲခူး)