Main menu

သံဖြူဇရပ်မြို့နယ်နှင့်ပငကျေးရွာရှိ ဆားကြိတ်စက်ရုံများနှင့် ဈေးကွက်အတွင်း အိမ်သုံးဆားရောင်းချနေသော ဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ၅.၃.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများသည် သတ္တုတွင်းဦးစီးဌာန၊ ဆားလုပ်ငန်းဌာနခွဲနှင့်ပူးပေါင်း၍ သံဖြူဇရပ်မြို့နယ်နှင့်ပငကျေးရွာရှိ ဆားကြိတ်စက်ရုံများနှင့် ဈေးကွက်အတွင်း အိမ်သုံးဆား များရောင်းချနေသော ဆိုင်များအား အိုင်အိုဒင်းဆား ပါဝင်မှု ရှိ/မရှိ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်း ရှိ/မရှိ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ ၎င်းဆားကြိတ်စက်ရုံများနှင့် အိမ်သုံးဆား အရောင်းဆိုင်များရှိ ဆားများအား စစ်ဆေးရာ၌ အိုင်အိုဒင်းဆားပြည့်ဝစွာပါရှိသည်ကို တွေ့ရှိရပြီး လုပ်ငန်းရှင်အားကုန်အညွှန်းမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ထုတ်ကုန် ပစ္စည်းများ ပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ပြဋ္ဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာ ဖော်ပြရန်၊ ကုန်စည်အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခု ဖြင့်ဖြစ်စေ ဖော်ပြရန်၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များကို ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)