
စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ၏ နစ်နာဆုံးရှုံးမှုများကို ကုစားပေးလျက်ရှိပြီး စားသုံးသူအသိပညာပေးခြင်းလုပ်ငန်းများနှင့် စားသုံးသူနစ်နာမှုများအား ကူညီဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ “စားသုံးသူအခွင့်အရေး အလေးထားဆောင်ရွက်လျက်ရှိရာ" စားသုံးသူ ပြည်သူများ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အသိပညာပေးဆောင်ရွက်လျက်ရှိပြီး မအူပင်မြို့နယ် သုံးခွဆိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာနေပြည်သူ (၇၉)ဦးအား ၉.၂.၂၀၂၆ ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောရာတွင် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးမှ စားသုံးသူအခွင့်အရေး (၈) ချက် ကုန်ပစ္စည်းများ၏ အရည်အသွေး၊ သတင်းအချက်အလက်ပြည့်စုံမှုနှင့် လုံခြုံစိတ်ချရမှုကို တောင်းဆိုနိုင်ခြင်းအကြောင်းကိုလည်းကောင်း၊ ကုန်ပစ္စည်းရွေးချယ်ရာတွင် ကုန်အညွှန်းအမှတ်အသား (Label) များတွင် ထုတ်လုပ်ရက်၊ သက်တမ်းကုန်ဆုံးရက်နှင့် ပါဝင်ပစ္စည်းများကို သေချာဖတ်ရှုရန်ကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေး အမှန်တကယ်နစ်နာမှုရှိပါက တိုင်ကြားနိုင်ခြင်းနှင့် စပ်လျဉ်း၍ မသမာသော ကုန်သွယ်မှုများပြုလုပ်ခြင်း၊ ကုန်စည်ကြောင့် အခွင့်အရေးနစ်နာမှုရှိပါက မြို့နယ်စားသုံး သူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း အသိပညာပေးခြင်း တိုင်းကြားနိုင်သည့် နည်းလမ်းများဖြစ်သော စားသုံးသူရေးရာဦးစီးဌာနသို့ နစ်နာမှုများအတွက် တိုင်ကြားနိုင်သည့်နည်းလမ်းများမှာ ခရိုင်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်ထားသော CICC၊ လူကိုယ်တိုင်၊ ဖုန်း၊ အီးမေးလ်၊ ဝက်ဘ်ဆိုက်နှင့် လူမှုကွန်ရက်များမှတစ်ဆင့် တိုင်ကြားနိုင်ကြောင်း၊ Consumer Call Center 1535 သို့အလွယ်တကူ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အကျယ်တဝင့်ဟောပြောခဲ့ပြီး ဟောပြေပွဲမှ တက်ရောက်သူ ကျေးရွာနေပြည်သူများမှ ဤဟောပြောပွဲများမှတစ်ဆင့် ကျေးလက်နေပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသော စားသောက်ကုန်များကို သတိပြုရွေးချယ်လာနိုင်ကြောင်း ပြန်လည်တင်ပြဆွေးနွေးကြပြီး တက်ရောက်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင့်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
