Main menu

မြိတ်မြို့သို့ ဆန်လှေရောက်ရှိလာသဖြင့် ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီးတွင် ဆန်စိုက်ပျိုးသော်လည်း ဒေသစားသုံးရန် မဖူလုံခြင်းကြောင်း အခြားတိုင်းနှင့် ပြည်နယ်မှတင်သွင်းလျက်ရှိရာ အဓိကအားဖြင့် ဆန်စိုက်ပျိုးမှုများပြားသော ဧရာဝတီ တိုင်းမှမှာယူလျက်ရှိကြောင်းသိရှိရပါသည်။ ၎င်းဆန်များကို ဒေသတွင်း စားသုံးရန် ဆန်အရောင်းဆိုင် နှင့် ဆန်ကုန်သည်များမှမှာ ယူလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်မှ (၁.၃.၂၀၂၆)ရက်နေ့တွင် ဝယ်ယူ၍ MV-အောင်ရတနာသန်း ရေယာဉ်ဖြင့် ဆန်တန်(၁၂၅)၊ အိတ်ရေ(၂၅၀၀)နှင့် ပြည့်ဖြိုးအောင်(၉) ရေယာဉ်ဖြင့် ဆန်တန်(၁၄၀)၊ အိတ်ရေ (၂၈၀၀) တို့သည် ၂၀၂၆ခုနှစ်၊ မတ်လ(၃)ရက်နေ့တွင် မြိတ်မြို့သို့ရောက်ရှိလာခဲ့ကြပါသည်။

    အဆိုပါရောက်ရှိလာသော ဆန်လှေများကို မြိတ်ခရိုင်ရှိ စားသုံးသူရေးရာဦးစီးဌာနအပါအဝင်၊ ခရိုင်အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနနှင့် ခရိုင်ရဲတပ်ဖွဲ့တို့မှ ပူးပေါင်းစစ်ဆေးခဲ့ပြီး ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ၂၀၂၆ခုနှစ်၊ မတ်လ(၄)ရက်နေ့တွင် ကွင်းဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)