Main menu

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေးခြင်း

Powered by Drupal

      ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ‌ ‌ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည် ၁-၃-၂၀၂၆ ရက်နေ့(၁၁:၀၀)နာရီအချိန်တွင် ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်ရှိ ရွှေဆိုင်လုပ်ငန်းရှင်(၁)ဦး နှင့်တွေ့ဆုံ၍ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး) က စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် တာဝန်များအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃အရ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်းအဖြစ်သတ်မှတ်ထားရှိမှုအခြေအနေ၊ အွန်လိုင်းရောင်းချခြင်းလုပ်ငန်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အရ မှတ်ပုံတင်လျှောက်ထားခြင်းနှင့်လျှောက်ထားမှုအတွက် သတ်မှတ်ချက်၊ ပြင်ဆင်လျှောက်ထား ခြင်းအကြောင်း၊ သက်တမ်းတိုးလျှောက်ထားခြင်းအကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်နှင့် အခွင့်အရေးများအကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိထားသော်လည်း သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိပါက  ဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်သည့်အကြောင်း၊ eComReg SystemReportနှင့် ပတ်သက်သည့် အသုံးပြုရန်နည်းလမ်းများအား အသိပညာပေး ဆွေးနွေးခဲ့ ပါသည်။

DOCA(ကချင်)