Main menu

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး  ဦးဘောမ်ဇုံး (ရုံးအုပ်)ဦးဆောင်၍ ဦးတင်မောင်ထွန်း(ရုံးအုပ်)နှင့် ဦးရဲရင့်ဖြိုး(အကြီးတန်းစာရေး) တို့ ပါဝင်သော အဖွဲ့သည် ၄-၃-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်အတွင်းရှိ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသော ဦးမြင့်ခိုင် (ကုန်စုံဆိုင်)သို့ သွားရောက်၍စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက် စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဦးမြင့်ခိုင် (ကုန်စုံဆိုင်)  မှ Sunkist အမှတ် တံဆိပ်ပါ ရှောက်အရသာအချိုရည်တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့်အချက်များ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံ ဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့်ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ကြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ကြောင်းသတင်းရရှိပါသည်။

DOCA(ကချင်)